Home
ရုပျသံ
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ရောက်မြန်မာများ တွေ့ဆုံပွဲ (ရုပ်သံ)
DVB
·
November 2, 2016
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဒီနေ့မနက် ၉ နာရီခွဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ချစ်ကြည်ရေးခရီး စတင်ပြီး နောက်တနေ့မှာပဲ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံမှုအတွင်း ဂျပန်ရောက် မြန်မာဆရာဝန်တွေ အနေနဲ့ လူအားမတတ်နိုင်ရင်တောင် ငွေအားနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ကူညီကြဖို့ လည်း တိုက်တွန်း ပြောကြားသွားပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကျွမ်းကျင်တဲ့လုပ်ငန်းရှင်တွေ ဝင်ရောက်လာဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ရောက်မြန်မာများနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံရဲ့ လတ်တလော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ပြောဆိုဆွေးနွေးခဲ့ပြီး တက်ရောက်လာ သူတွေရဲ့ မေးမြန်းချက်တွေကိုလည်း ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဂျပန်ရောက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ညနေပိုင်းမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024