ဘာစီလိုနာအသင်း မန်စီးတီးကို ၁-၃ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံ)

3.8K
မနေ့ညက ကန်သွားတဲ့ ဥရောပ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်မှာ မန်စီးတီးအသင်းက စပိန်ထိပ်သီး ဘာစီလိုနာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ပွဲချိန် ၂၁ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၃၉ မိနစ်မှာတော့ မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန်က ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၅၁ မိနစ်မှာတော့ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ဖရီးကစ်ကနေ အနိုင်ဂိုး စသွင်းပေးခဲ့ပြီး ၇၄ မိနစ်မှာ ဂန်ဒိုဂန်က ထပ်မံသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ မန်စီးတီးက ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ မန်စီးတီးကိုရှုံးနိမ့်ခဲ့ပေမယ့် ဒီပွဲမှာ အသင်းအတွက် တဂိုးသွင်းယူပေး ခဲ့တဲ့ မက်ဆီကတော့ ချန်ပီယံလဂ်မှာ စုစုပေါင်း သွင်းဂိုး ၅၄ ဂိုးနဲ့ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
မနေ့ညက ကန်သွားတဲ့ ချန်ပီယံလိဂ် တခြားပွဲစဉ်တွေမှာတော့ အာဆင်နယ်က လူဒိုဂိုရက်စ်ကို ၃ ဂိုး ၂ ဂိုး၊ ဘိုင်ယန်မြူနစ်က ပီအက်စ်ဗွီကို ၂ ဂိုး ၁ဂိုး နဲ့ အသီးသီးအနိုင်ရသွားပါ။