ဝင်းထဲခိုးဝင်လာသူကို ပန်ဒါဝက်ဝံက နပန်းလုံး (ရုပ်သံ)

2K
တရုတ်နိုင်ငံတောင်ပိုင်း ချန်ရှီးပြည်နယ်ထဲမှာ ပန်ဒါဝက်ဝံတကောင်က လူတယောက်ကို နပန်းဝင်လုံးခဲ့ပုံ နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ပြသပါတယ်။
ပန်ဒါဝက်ဝံကိုထားတဲ့ ၀င်းထဲကို လူတယောက်က ခိုးဝင်သွားပြီး သိပ်မကြာခင်မှာ ပန်ဒါက အတင်းဝင်လုံးခဲ့ပုံကို စောင့်ကြည့်ကင်မရာက ရိုက်ကူးထားပြီး စီစီတီဗွီ ရုပ်သံသတင်းက ပြန်လည်ပြသပါတယ်။
မိုင်လီလို့ခေါ်တဲ့ ပန်ဒါဟာ အသက် ၁၂ နှစ်အရွယ်ရှိပြီး ၁၂၀ ကီလိုဂရမ် အလေးချိန် ရှိပါတယ်။
ပန်ဒါဝက်ဝံနဲ့ အမည်အသိ အမျိုးသားတို့ ငါးမိနစ်လောက် နပန်းလုံးခဲ့ပြီးနောက် အမျိုးသားက ပန်ဒါလှောင်အိမ်ထဲကနေ ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။
ပန်ဒါရော အဲဒီအမျိုးသားရော ဒဏ်ရာရတာတော့ မရှိဘူးလို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူက ပြောပါတယ်။