Home
မြန်မာသတင်း
လူသတ်ပြီး ပီနံအိတ်ထဲထည့်ကာ ချောင်းအတွင်း ပစ်ချခဲ့သည့် တရားခံကို ဖမ်းဆီး
DVB
·
November 1, 2016
  ပုသိမ်မြို့နယ်မှာ လူသတ်ပြီး အလောင်းကို ပီနံအိတ်ထဲကာ ချောင်းအတွင်း အလောင်းပစ်ချ ဖျောက်ခဲ့တဲ့ လူသတ်တရားခံကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့ မနက် ၁၀ နာရီအချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာချောင်းအတွင်း ပီနံအိတ်ဖြင့်ပတ်ထားတဲ့ လူသေ အလောင်းတစ်လောင်း မျောနေတဲ့ သတင်းအရ သလပ်ခွာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ ပါတယ်။ အလောင်းမှာ သလပ်ခွာကျေးရွာနေ ဦးတင်အောင် ထံမှာ လယ်သူရင်းငှားလုပ်ကိုင်နေသူ အရှေ့ကုန်းကျေးရွာနေ အသက် ၄၉ နှစ်အရွယ် ဦးကြီးနန်းဖြစ်ကြောင်း သိရှိရပြီး ဦးခေါင်းနဲ့ လည်ဂုတ်တို့တွင် ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက သလပ်ခွာနယ်မြေရဲစခန်း(ပ)၈၅/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ကာ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပြီး မသင်္ကာတရားခံဖြစ်တဲ့ ဆင်ဂေါင်းကျေးရွာနေ စောလယ်လားထူး (၂၅)နှစ်ကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် စောလယ်ထူးဟာ အရက်သေစာ သောက်စားပြီး ဇနီးဖြစ်သူကို ပြောခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ ဦးကြီးနန်း တဲသို့ သွားရောက်ကာ အရှည်(၁) တောင်ကျော်ခန့်ရှိ ဓနိခုတ်ဓားနဲ့ ၃ ချက်ခုတ်ခဲ့ပြီး အလောင်းကို ပီနံအိတ်အတွင်းထည့်ကာ ရိုးချောင်းအတွင်း ပစ်ချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် ပြစ်မှု ကျူးလွန်သူတရားခံ စောလယ်ထူးကို ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024