အီတလီတွင် ငလျင်လှုပ်၊ အဆောက်အဦများ ပျက်စီး

932
အီတလီအလယ်ပိုင်း နော်စီယာမြို့အနီးအနားမှာ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းက ပြင်းအားမြင့် ငလျင်လှုပ်ခတ်ခဲ့လို့ အဆောက်အဦ တော်တော်များများ ပျက်စီးခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ လက လူ ၃၀၀ ကို သေစေခဲ့ပြီး အီတလီရဲ့ မြို့တော်တော်များများကို ဖျက်ဆီးခဲ့တဲ့ ငလျင်ကြီးဖြစ်ပြီးနောက် လှုပ်ခတ်ခဲ့တာပါ။
ငလျင်ဟာ ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၆ အဆင့်ရှိပြီး ပြီးခဲ့တဲ့ သြဂုတ်လက လှုပ်ခတ်ခဲ့တဲ့ ငလျင်အတိုင်းအတာနဲ့ ပြီးခဲ့တဲ့အပတ်က လှုပ်ခဲ့တဲ့ ငလျင်အသေးစားလေးတွေထက် ကြီးမားပါတယ်။
ငလျင်ရဲ့အနက်ကတော့ တမိုင်နီးပါးရှိပြီး ဒီငလျင်ကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ အသေအပျောက် သတင်းတွေကိုတော့ မသိရသေးပါဘူး။