Home
မြန်မာသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တပ်အင်အား အပြိုင်အဆိုင် တိုးချဲ့ချနေ
နော်နိုရင်း
·
October 28, 2016
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွေမှာ မြန်မာတပ်မတော်က ပြည်သူ့စစ်တပ်ဖွဲ့ အင်အားတိုးချဲ့မှုတွေ ရှိနေသလို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း အင်အား တိုးချဲ့မှုတွေရှိနေတယ်လို့ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (LNDO) က ထုတ်ပြန်ပြောဆို လိုက်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း  မိုင်းပင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းလား စတဲ့ မြို့နယ် ၈ ခုမှာ  လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပြည်သူ့စစ်အပါအ၀င် အစိုးရတပ်အင်အား ၁o,၇၀၀ ကျော် ရှိရာကနေ အခု ၁၄,၀၀၀ တိုးလာတယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့ထုတ် လားဟူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ရဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ပြည်သူ့စစ်အဖွဲ့ ၆၈ ဖွဲ့အင်အား၂၃၀၀ လောက်ရှိပေမယ့် အခုအခါ ၈၇ ဖွဲ့ဖြစ်လာပြီး အင်အား ၃၄၀၀ လောက် ရှိလာတယ်လို့လည်းဆိုပါတယ်။ အစိုးရတပ်တွေ အင်အားတိုးလာသလိုပဲ တိုင်းရင်းလက်နက်ကိုင်တွေဖြစ်တဲ့ UWSA၊ RCSS/SSA နဲ့ NDAA (မိုင်းလား) တို့ကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အင်အား အနည်းငယ်ကနေ အသီးသီးတိုးလာခဲ့ကြတယ်လို့လည်း “မူးယစ်ဆေးမှအာဏာ”လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ ဖော်ပြတယ်။ အစီရင်ခံစာထုတ်ပြန်တဲ့  လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဒါရိုက်တာ ဂျာဖက်ဂျာကွီးက “ရှမ်းပြည်အရှေ့ပိုင်း ၈ မြို့နယ်မှာ သွားမေးကြည့်တယ်။ အတတ်နိုင်ဆုံး တိကျအောင် ကြိုးစားကြည့်တယ်။ စစ်တပ်က တိုးချဲ့သလို သူရဲ့ယှဉ်ပြိုင်ဘက် ၀ကလည်း တပ်တိုးတယ်။ ဥပမာ တောင်ပိုင်းဝက တချိန်တုန်းက ၃၀၀၀ ပတ်ဝန်းကျင်ပဲ ရှိတယ်။ အခုဟာက ၄၀၀၀ ကျော်ရှိတယ်။ အဓိကအရမ်းတိုးလိုက်တာက အစိုးရနဲ့ RCSS လက်မှတ်ထိုးလိုက်တဲ့အခါ နယ်ခြားဒေသ ဖွံ့ဖြိုးရေးဆိုတော့  အဲဒီ မိုင်းလားမှာ ၀က အဲဒီနေမှာ အင် ၁၀၀၀ လောက်တိုးလိုက်တယ်။ နောက်ပြီး မိုင်းလားအဖွဲ့က ၁၀ နှစ်ဟိုဘက်ပိုင်းမှာ အင်အား ၁၀၀၀ကျော်ပဲရှိတယ်။ အခုက ၅၀၀၀ လောက်ရှိတယ်လို့ ခန်းမှန်းမိတာပေါ့နော်။ ”လို့ပြောပါတယ်။ ပြည်သူစစ်တွေ ထိန်းချုပ်နယ်မြေတွေထဲမှာ ပြည်သူ့ စစ်တွေက ဘိန်းစိုက်တောင်သူအပေါ်မှာ ကောက်ခွန်တွေ ကောက်သလို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကလည်း အကောက်ခွန်ေ ကာက်တာတွေရှိတယ်လို့ လည်း ပြောပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်မှုတွေကို အစိုးရနဲ့ နိုင်ငံတကာပူးပေါင်း လုပ်ဆောင်နေပေမယ့် ထိရောက်မှုမရှိတဲ့အကြောင်းနဲ့  ဘိန်းစိုက် တောင်သူတွေရဲ့ ဘ၀က ဆင်းရဲမွဲတေမြဲဖြစ်တယ်လို့ လည်းဆိုပါတယ်။ အစိုးရသစ်အနေနဲ့မူးယစ်ဆေးဝါးပြသနာကို အမှန်အတိုင်းမြင်ပြီး မြန်မာပြည်ရဲ့ မူးယစ်ဆေးပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့  တိုင်းရင်းသားတွေရဲ့ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဦးစားပေးဖြေရှင်းဖို့လည်း  လားဟူအမျိုးသားဖွံ့ဖြိုးရေးအဖွဲ့ ကတိုက်တွန်းထားသည်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုး ဟတ်တာပေါင်း ၅၅၅၀၀ ရှိတဲ့အနက် ၉၀ ရာခိုင်နှုန်းဟာ ရှမ်းပြည်နယ်မှာရှိတာဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းမှာ ၄၂ ရာခိုင်နှုန်းနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ၃၁ ရာခိုင်နှုန်း စိုက်ပျိုးတယ်လို့ ကုလသမဂ္ဂထုတ်ပြန်ချက်အရသိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024