နတ်ရွာစံ ထိုင်းဘုရင်ကြီး ဂါရ၀ပြုအစည်းအဝေး ကုလပြုလုပ်မည်

၁၉၆၇ ခုနှစ်က ထိုင်းဘုရင်၊ မိဖုရားနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်တို့ တွေ့ဆုံခဲ့စဉ်က
နတ်ရွာစံထိုင်းဘုရင်ကြီး ဘူမိဘောအဒူလျာဒက်ဂ်ျနဲ့ သက်ဆိုင်တဲ့ ဂါရ၀ပြုအစည်း အဝေးတရပ်ကို ဒီကနေ့ညပိုင်းထိုင်းစံတော်ချိန် ၉ နာရီမှာ အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့၊ ကုလသမဂအဆောက်အအုံမှာ ပြုလုပ်သွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် ဗီရာချိုင် ပလာဆိုင်းက ပြောပါတယ်။ ဒီအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေ အသီးသီးက နတ်ရွာစံ ထိုင်းဘုရင်ကြီးအ တွက် ဂါရ၀ပြုမိန့်ခွန်းပြောကြားကြမှာဖြစ်ပြီး သူကတော့ အပိတ်မိန့်ခွန်းပြောကြားရမယ်လို့ ဗီရာချိုင်က ပြောပါတယ်။ ဒီအခမ်းအနားကို ကုလသမဂ္ဂရုံးချုပ်ကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာပါ။ ဘုရင်ကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့၊ သက်တော် ၈၉ နှစ်အရွယ် မှာ နတ်ရွာစံခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ နိုင်ငံသားတွေရော၊ နိုင်ငံတကာကပါ ပူဆွေး ၀မ်းနည်းနေခဲ့ကြတာပါ။ ထီးနန်းစိုးစံတဲ့ သက်တမ်း ၇၀ အတွင်းမှာ ပြည်သူတွေအပေါ် ကြင်နာမှုနဲ့ ဆက်ဆံ ခဲ့တဲ့အတွက် ခုချိန်ထိ နိုင်ငံရဲ့ ဖခင်ကြီးအဖြစ် ပြည်သူတွေရဲ့ ချစ်ခင်မှုကို ရနေသူဖြစ်ပါတယ်။

More News
Up