အာဆီယံ ယူ ၁၈ ချန်ပီယံရှစ်အသင်းအတွက် ကစားသမား ၅၁ ဦးရွေးချယ်

1.5K
လာမယ့်နှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲကို ဝင်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းကို ယခုနှစ် အာဆီယံ ယူ-၁၆ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းက အခြေခံကာ ဖွဲ့စည်းမှာဖြစ်တယ်လို့ သိရပါတယ်။
ကစားသမားတွေကိုတော့ ကလပ်အသင်း ၂၀ က ခြေစွမ်းကောင်းမွန်ပြီး အသက်မီတဲ့ ကစားသမား ၅၁ ဦးကို ပဏာမ ရွေးချယ်ထားပြီး ၄ ရက်ကြာ ခြေစွမ်း စမ်းသပ်မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
မြန်မာ ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဦးညီညီလတ်က တာဝန်ယူ ကိုင်တွယ်မှာ ဖြစ်ပြီး၊ သူဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ မြန်မာ ယူ-၂၀အသင်းမှာ နည်းပြချုပ် ဂတ်ဇီဆီနဲ့ အတွဲညီခဲ့တဲ့ နည်းပြတဦးဖြစ်ပါတယ်။