Live
Home
မြန်မာသတင်း
တပ်မတော်စစ်ကြောင်းကို အကြမ်းဖက်တိုက်ခိုက်သူ ၈ ဦးကို ဖမ်းဆီး
DVB
·
October 28, 2016
  ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနဲ့ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ ပါဝင်ခဲ့သူ ၈ ဦးကို မနေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့  စစ်တပ်ပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။ မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းဟာ  အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းက ငါးစာကြူးကျေးရွာအတွင်း ၀င်ရောက်ရှင်းလင်းရာ ပြောင်ပိုက်ကျေးရွာအနီး တပ်မတော်စစ်ကြောင်းနဲ့ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ ပါဝင်ခဲ့သူ ၈ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။   ဖမ်းဆီးခံထားရသူတွေဖြစ်တဲ့  အာကူဟာလောင်၊ ခါမားဟူဆေး၊ အာဘူအာလောင်၊ ဇာရွတ်အာလောင်၊ နူရူကာမိုင်၊ ဟာဘူအူးဆောင်း၊ ဂျူရာလောင်နှင့် အာဘူဘော်ရှောတို့  ၈ ဦး ကို အမှတ်(၁) နယ်ခြားစောင့် ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)သို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို  လိုက်လံဖော်ထုတ် ရှင်းလင်းနေရာ  ကျောင်းတောင် ကျေးရွာနေ အဒူလာနဲ့  ကြက်မောက်တောင် အနောက်ရွာနေ ဆွေတာမောက် တို့  ၂ ယောက် ကို ထပ်ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရပါတယ်။ အလားတူနေ့လည်ပိုင်းမှာလည်း ချောင်းပေါက်ငယ်အတွင်းမှ နတ်မြစ်ဘက်ကို  လှော်ခတ်လာတဲ့ လှေ ၂ စီးကို တွေ့ရှိပြီး  မီးဖြင့်အချက်ပြခေါ်ယူရာ ပြန်လှည့်ထွက်ပြေးတာကြောင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ဒီရေတောအတွင်း ပုန်းအောင်းနေတဲ့ မသင်္ကာဖွယ်ရာ ဘင်္ဂါလီလူမျိုး ၁ ဦးနဲ့ သူရဲ့ ဇနီး၊ သားသမီး ၃ ယောက်ကို စုစုပေါင်း ၅ ဦးကို  ဖမ်းဆီးရမိခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024