Home
မြန်မာသတင်း
သရဲပူး စာသင်ကျောင်းမှာ ၀န်ကြီးချုပ် မန်းဂျော်နီ အမိန့်ပြန်တမ်း ဘယ်လိုထုတ်ခဲ့သလဲ (ရုပ်သံ)
DVB
·
October 27, 2016
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာ အထက(ခွဲ) စာသင်ကျောင်းမှာ ၀န်ကြီးချုပ် မန်းဂျော်နီကိုယ်တိုင် သုသာန်မြေ နယ်နိမိတ်ပိုင်းခြားသတ်မှတ် အမိန့်ပြန်တမ်း ဖတ်ကြားခဲ့သလို ပရလောကသားတွေကို သေနတ် ၁၈ ချက် ပစ်ဖောက်နှင်ထုတ်ခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူတွေက အောက်တိုဘာ ၂၅ ရက် နေ့လယ်က ရှမ်းရေကျော် အထက(ခွဲ) ကျောင်းမှာ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ ရွာသားတွေနဲ့ တွေ့ဆုံပြီးနောက် ခုလို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ရှမ်းရေကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ ကျောင်းသူ ၁၈ ဦး ဟာ သြဂုတ်လကစလို့ ကျောင်းမှာ သရဲပူးတယ်ဆိုတဲ့ အပြုအမူတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဆေးပညာရှင်တွေကတော့ ဒါဟာ လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအပေါ် မူတည်ပြီး အုပ်စုဖွဲ့ တုံ့ပြန်တဲ့ အပြုအမူ ပြုမူနေကြတာလို့ပြောပါတယ်။ ရုပ်သံ- ဇာနည်မောင်မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024