Live
Home
မြန်မာသတင်း
မောင်တောတိုက်ခိုက်မှု ဆက်နွှယ်ဖမ်းထားသူများကို ဥပဒေနှင့်အညီ စစ်ဆေးနေ
DVB
·
October 26, 2016
မောင်တောမြို့နယ်တွင်း တပ်မတော် စစ်ကြောင်းတွေက  နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရမိတဲ့ မသင်္ကာတရားခံ ခေါ်ရီမူလာပါ (၆) ဦးနဲ့  ပတ်သက်ပြီး  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က  ဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်နေတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ကျီးကန်းပြင်ဌာနချုပ်၊ လက်နက်တိုက်မှ လက်နက်တွေ ယူဆောင်သွားမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသင်္ကာ တရားခံ  (၆) ဦးကို လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေပုဒ်မ ၂ (၁) ကနဲ့  အမှုဖွင့်ပြီး  ကြိမ်ချောင်းနယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားရှိခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးခံထားရသူတွေကတော့ မောင်တောမြို့နယ် ရီဒါးကျေး၇ွာနေသူတွေဖြစ်တဲ့  ခေါ်ရီမူလာ (၆၀)နှစ်၊  ရှားရာဖက်ကူ(၅၅)နှစ်၊  အဘူအာရှိန်း(၂၂) နှစ် ၊ ကာမာရူးဒါး(၃၂)နှစ် ၊ နူရူဟူလာ(၂၄) နှစ်နဲ့  အဘူဖို့စ်(၄၀) နှစ်တို့ ဖြစ်ပါတယ်။ မသင်္ကာ တရားခံတွေထဲက ခေါ်ရီမူလာ (၆၀) နှစ် ကို တပ်မတော်က ရဲစခန်းအချုပ်မှ ထုတ်ယူ စစ်ဆေးခဲ့ပြီး အောက်တိုဘာ ၁၇ ရက်က ရဲစခန်း အချုပ်အတွင်းသို့ ပြန်လည်ပို့ဆောင်စဉ် အချုပ်ခန်းဘူးဝအနီးအရောက်မှာ ခေါ်ရီမူလာက တပ်ဖွဲ့ဝင်တစ်ဦးထံမှ သေနတ်လုယူလို့  ဝိုင်းဝန်းထိန်းသိမ်းခဲ့ကြောင်း၊ ခေါ်ရီမူလာမှာ သတိလစ်မေ့မြောသွားလို့ မောင်တော ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။ ခေါ်ရီမူလာ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ကြိမ်ချောင်း နယ်မြေရဲစခန်းက  သေမှုသေခင်း ဖွင့်စစ်ဆေး ဆောင်ရွက်နေတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024