အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဟာဝိုင်ယီတွင် ကြိုတင်မဲပေး

1.2K
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းပတ် ၂ ပတ်ပဲ လိုတော့တဲ့ အချိန်မှာ ဟာဝိုင်ယီ ကျွန်းက မဲရှင်တွေကတော့ မနေ့ကကြိုတင်မဲ ပေးခဲ့ကြပါတယ်။
ရီပတ်ဗလစ်ကင်ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ် ထရမ့်ပ်နဲ့ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ကိုယ်စားလှယ် ဟီလာရီ ကလင်တန်တို့ကို ဟာဝိုင်အီပြည်နယ်ရဲ့မြို့တော် ဟိုနိုလူလူက မဲရုံမှာ မဲဆန္ဒရှင်တွေ တန်းစီ မဲပေးခဲ့တာဖြစ်ပါတယ်။
အခုနှစ်မှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံတွင်း ပြည်နယ် ၅၀ ထဲက ၃၈ ပြည်နယ်မှာ ကြိုတင်မဲတွေပေးခဲ့ကြတာလည်းဖြစ်ပါတယ်။
RealClearPolitics အင်တာနက် စာမျက်နှာရဲ့ နိုင်ငံလုံးဆိုင်ရာ ထင်မြင်ချက် စစ်တမ်းအရ ကလင်တန်ဟာ ပျမ်းမျှ ၅ ရာခိုင်နှုန်း မဲ အသာစီး ရထားပါတယ်။ သူဌေးကြီး ဒေါ်နယ်ထရမ့်ပ် ကတော့ သူရှုံးရင် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ဒေါ်နယ်ထရမ့်ပ်ရဲ့ ထိပ်တန်း အကြံပေးကတော့ ရီပတ်ဗလစ်ကင်ပါတီရဲ့ ကိုယ်စားလှယ်ဟာ ပြိုင်ဖက် ဟီလာရီကလင်တန် အောက် နောက်ကောက်ကျနေတယ်လို့ အသိအမှတ်ပြု ပြောဆိုပါတယ်။
အဓိကပြိုင်ဘက် ပြည်နယ်တွေက ကြိုတင်မဲတွေအရ ကလင်တန်ဟာ အားကောင်းတဲ့ ဗျူဟာကို ဖိသုံးနိုင်ခဲ့ပြီး ကလင်တန်ဟာ အိမ်ဖြူတော် သမ္မတ နေရာကိုရဖို့ လိုတဲ့ ရွေးကောက်ပွဲ မဲဆန္ဒနယ် ၂၇၀ ကိုရဖို့ ဦးဆောင်နေတဲ့ အခြေအနေကို ထိန်းထားဆဲပဲလို့ စနေနေ့က ထုတ်ပြန်တဲ့ ခန့်မှန်း ရလဒ်တွေက ဆိုပါတယ်။