Home
ရုပျသံ
ထိုင်းတောင်ပိုင်း ပတ္တနီတွင် ဗုံးပေါက်ကွဲ ၁ဦး သေ၊ ၁၇ ဦး ဒဏ်ရာရ (ရုပ်သံ)
DVB
·
October 25, 2016
ထိုင်းတောင်ပိုင်း ပတ္တနီမြို့ထဲမှာ ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံး ၁၇ ဦး ဒဏ်ရာရတယ်လို့  ဒေသအာဏာပိုင်တွေရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ပေါက်ကွဲမှုဟာ ယမန်နေ့ည ၇ နာရီအချိန်က မြုနီစီပါယ်ဧရိယာ ဖိဖစ်လမ်းမ တို့ရုန့်ဈေးရှေ့ ခေါက်ဆွဲဆိုင်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး  နန်းဆုမ်ဖွန်း ခွန်ထားကန်ဖန်း ဆိုသူ အမျိုးသမီး သေဆုံးကာ ၁၇ ဦးကို ပတ္တနီဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်ကာ ဒဏ်ရာရသူတွေထဲမှာ ဒုတပ်ကြပ် ၁ ဦး၊ အမျိုးသား  ၁ ဦး၊ အမျိုးသမီး ၉  ဦး၊ မိန်းကလေးငယ် ၃ ဦးနဲ့ ယောက်ျားလေး ၃ ဦး ပါဝင်တယ်လို့  ကယ်ဆယ်ရေးဝန်ထမ်းက ပြောပါတယ်။ ရဲနဲ့ စစ်တပ် လုံခြုံရေးလဲနေချိန် ဗုံးကွဲတာဖြစ်ပြီး ဗုံးပေါက်ကွဲမှုမဖြစ်ခင်က  အဲဒီအနီးကို လူတယောက်က အထုပ်တထုပ် လာချသွားကြောင်း၊ သူ ထွက်သွားပြီး ၁၀ မိနစ် ၁၅ မိနစ်အတွင်းမှာပဲ ပေါက်ကွဲမှုဖြစ်တာလို့ မျက်မြင်တွေ့သူက ပြောတဲ့အကြောင်း ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။ တာဝန်ကျရဲဝန်ထမ်း ၁ ဦးကတော့ ဖောက်ခွဲရေးသမားဟာ တယ်လီဖုန်းအသုံးပြုပြီး အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲဟန်ရှိတယ်လို့  သတင်းမှာ  ဖော်ပြပါတယ်။ ထိုင်းတောင်ပိုင်းမှာ အခုလို ဗုံးဖောက်ခွဲမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်တပ်နဲ့ ရဲဝန်ထမ်းတွေက အဓိက ပစ်မှတ်ထား တိုက်ခိုက်ခံရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024