Home
ရုပျသံ
အသေခံဗုံးခွဲမှုကို ဒရုမ်းယာဉ်ဖြင့် ရိုက်ကူးထားသည့်ရုပ်သံ တာလီဘန်စစ်သွေးကြွများ ဖြန့်ချိ (ရုပ်သံ)
DVB
·
October 25, 2016
တာလီဘန်တွေက ဒီလထဲမှာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း အသေခံ ဗုံးခွဲမှုကို ဒရုမ်းယာဉ်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံကို သူတို့ရဲ့ အင်တာနက် စာမျက်နှာပေါ်ကနေ ဖြန့်ချိလိုက်ပါတယ်။ အသေခံ ဗုံးခွဲမှုကို အဝေးထိန်း ရဟတ်ယာဉ်ကနေ ရုပ်သံရိုက်ကူးမှုဟာ တာလီဘန်တွေအတွက် လုပ်နေကျ အလုပ်တော့ မဟုတ်ပါဘူး။ အောက်တိုဘာ ၃ရက်နေ့က ဟဲမဲန်းပြည်နယ် နာဝါခရိုင်ထဲက ရဲဌာနချုပ်ဆီကို တာလီဘန် တိုက်ခိုက်ရေးသမားတွေ ကားနဲ့ မောင်းသွားခဲ့တဲ့ ပုံကို ရုပ်သံက ပြသပါတယ်။ အဲဒီနေ့က စစ်သွေးကြွတွေဟာ ခရိုင်ကို ထိန်းချုပ်ထားပြီး အသေခံ ဗုံးခွဲသမားတယောက်က ခရိုင်ရဲချုပ်နဲ့ တခြားအရာရှိတွေကို သတ်ဖြတ်ခဲ့ပါတယ်။ ၂၃ မိနစ်ကြာ ရှည်တဲ့ ရုပ်သံအတွင်း ကားဟာ ဘယ်လိုခုခံမှုမှ မခံရဘဲ မောင်းသွားခဲ့ပြီး အဆောက်အဦ အကြီးကြီးတခုရှေ့မှာ ဗုံးခွဲခဲ့ပုံကို ပြသထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024