ဂျပန်နိုင်ငံ တိုကျိုမြို့က စုပေါင်း မဟာဘုံကထိန်ပွဲတော်
ဇော်ဇော်လှိုင်
·
October 24, 2016
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး တိုကျိုမြို့ နခအိတဘရှိ မြို့ချိအီခိ စင်တာမှာ စုပေါင်း မဟာဘုံကထိန်ကို အောက်တိုဘာ ၂၃ ရက်နေ့က စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
စုပေါင်းကထိန်ဆွမ်းကပ်လှူခြင်း၊ တိုကျိုမြို့ တခအိတဘရှိ ရှိ ထေရဝါဒ ပရိယတ္တိ ကျောင်းတော်၊ နာဂိုယာ တိပိဋကဗြဟ္မဝိဟာရကျောင်းတော် ဆိုင်းတမ ဆာတိုးရီဝိဟာရ ကျောင်းတော်တို့မှာ သီတင်းသုံး ဝါဆိုဝါကပ်တော်မူကြတဲ့ သံဃာတော်တွေ ကထိန်ခင်းနိုင်ဖို့ ကထိန်လျာ သင်္ကန်း ပရိက္ခရာ ကပ်လှူတာတွေလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် ဥပရိပါသာဒသိမ်တော်ကြီးအတွင်း ဥတ္တိကမ္မဝါစာဖြင့် တိုကျို၊ဆိုင်းတမ၊ နာဂိုယာ၊ ကျူရှူးမြို့တွေက ဆရာတော် သံဃာတော်များစုပေါင်း ကထိန်ခင်းတော်မူကြပြီး သံဃာတော်တွေ အချင်းချင်း သြဝါဒတွေ ချီးမြှင့်လျှောက်ထားခြင်း၊ ပဒေသာပင် စာရေးတံမဲဖောက်ခြင်း ကထိန်အနုမောဒနာ ရေစက်ချ တရားဟောကြားတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
စုပေါင်းဘုံကထိန်ပွဲကို ဂျပန်လူမျိုးတွေ အပါအ၀င်ဂျပန်ရောက် မြန်မာနိုင်ငံသား ၂၅၀ ကျော် လာရောက်ကာ စည်းကားစွာ ကျင်းပခဲ့ကြပါတယ်။