မိချောင်းကို မကြောက်မရွံ့ အနမ်းပေးပြသည့် လှပျိုဖြူ (ရုပ်သံ)

စီစီတီဗွီမှာ လက်တစ်လောပြသွားတဲ့ ကဏ္ဍပေါင်းစုံပြပွဲမှာ အောက်တိုဘာ ၂၁ ရက်နေ့က အမျိုးသမီးတဦးဟာ အင်မတန်စိတ်လှုပ်ရှားဖွယ် ရဲရင့်တဲ့ ပြကွက်တွေ ပြသွားပါတယ်။ ပထမဦးဆုံး အမျိုးသမီးဟာ မိချောင်းတစ်ကောင်ကို သေတ္တာထဲကနေ အမြီးကကိုင်ပြီး ဆွဲထုတ်လာပါတယ်။ မိချောင်းက လှုပ်လှုပ်ရှားရှားသွားနေလို့ မိချောင်းအမြီးကိုကိုင်ပြီး အမျိုးသမီးဟာ ထိန်းနေရတာပါ။ ပြီးတော့ မိချောင်းငြိမ်သွားအောင် တုတ်တစ်ချောင်းနဲ့ ကြိုးစားထိန်းပြီး ငြိမ်သွားတဲ့အခါ မိချောင်းရဲ့အပေါ်နှုတ်ခမ်းကို ဒီအမျိုးသမီးက သူမရဲ့နှုတ်ခမ်းနဲ့ ထိထိမိမိနမ်းပြလိုက်ပြီး ပရိသတ်ကို ပြတဲ့အကွက်ဟာ အသက်ရှုဖို့ မေ့လောက်တဲ့ ပြကွက်ပါ။ ဒါ့အပြင် ရုပ်သံဖိုင်ထဲမှာ ဒီလိုနမ်းရုံမက မိချောင်းရဲ့ နှုတ်ခမ်းဖျားထဲကို ကထ္ထူအနီစာရွက် တစ်ရွက်ထည့်ပြီး အဲ့ဒီစာရွက်ကို သူမရဲ့ပါးစပ်နဲ့ ဆွဲထုတ်ပြသွားတာကလည်း အင်မတန်စိတ်လှုပ်ရှားစရာကောင်းပြီး ရင့်သက်ရှု့မောစရာ ပြကွက်ကို ပြသသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up