သမ္မတ ဦးထင်ကျော် ဗီယက်နမ်ချစ်ကြည်ရေးခရီး သွားမည်
DVB
·
October 22, 2016
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ဇနီး ဒေါ်စုစုလွင်တို့ဟာ မကြာမီရက်အတွင်း ဗီယက်နမ်နိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးသွားမယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။
သမ္မတ ဦးထင်ကျော်ရဲ့ ဗီယက်နမ်ခရီးစဉ်အတွင်း ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် နိုင်ငံတို့ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေး၊ ဧရာဝတီ - ကျောက်ဖယား- မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးစည်းဝေးပွဲနဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် (မဲခေါင်ဒေသ) တို့သို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။