Home
မေးမြန်းခန်း
တစုံလုံးငြိမ်းချမ်းရေးလိုချင်ရင်ပြသနာအ၀ိုင်းအ၀န်းမှာ ပါဝင်ပတ်သက်တဲ့ အစုအဖွဲ့တိုင်းပါဖို့လိုတယ် - ခူဦးရယ်
DVB
·
October 21, 2016
အစိုးရ ၊ တိုင်းရင်းသားလက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့က ပုဂ္ဂိုလ်တွေ ပါဝင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို  ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပနေပါတယ်။ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးနေတဲ့  အကြောင်းအရာတွေ၊ တနိုင်ငံလုံးအပစ်ရပ်ငြိမ်းချမ်းရေး ရဖို့ အလားအလာနဲ့ စိန်ခေါ်မှုအခက်အခဲတွေနဲ့ ပတ်သက်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ နိုင်ငံရေး ဆိုင်ရာဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) အဖွဲ့ခေါင်းဆောင် ခူဦးရယ်ရဲ့  ဒီဗွီဘီအပါအ၀င် မီဒီယာတွေကို ပြောပြချက်တွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ မေး - အောက်တိုဘာ ၁၈နဲ့ ၁၉ရက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း  ဆွေးနွေးမှုအခြေအနေ ဖြေ - “မနေ့ကတော့ ကျနော်တို့ မူဘောင်ကိစ္စကိုဆွေးနွေးကြတာပေါ့နော်။ မူဘောင်မှာ အထူးသဖြင့် ကတော့ ၄ နှစ် ၆ နှစ် ဒီ composation (ပေါင်းစပ်ဖွဲ့စည်းပုံ)  နဲ့ပတ်သက်တဲ့ဥစ္စာတွေပါ။ ကျနော်တို့ ညီလာခံအတွက် composation ဘယ်လိုသွားမလဲဆိုတဲ့ကိစ္စဆွေးနွေးကြတယ်လေ။ ဒီမနက်ကတော့ ကျနော်တို့ နည်းနည်းလေး အဆုံးသတ်လိုက်တဲ့သဘောမျိုး ကျနော်တို့ ရပ်တန့်ထားလိုက်တယ်။” “အထူးသဖြင့်ကတော့ ကျနော်တို့ အမျိုးသားအဆင့်မှာ  ပြောရမယ်ဆိုရင်တော့ အကြောင်းအရာလိုက်၊ လူမျိုးအလိုက် ဒေသအလိုက်  အဲလို ဆွေးနွေးကြမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဘယ်သူတွေ ဦးဆောင်ခွင့် ရှိလဲ။ ဘယ်သူက ဘယ်လိုဆွေးနွေးခွင့်ရှိသလဲ ဆိုတဲ့ကိစ္စကို ဆွေးနွေးနေဆဲပဲ။ မေး - နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဦးဆောင်ခွင့်ပြသနာ ဖြေ - “ဒီနေရာမှာ ဦးဆောင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတွေကို ပြောတဲ့အခါမျိုးတွေမှာ  ကျနော်တို့ဒီ နိုင်ငံရေးပါတီတွေရှိတယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်းရှိ တာပေါ့။ ဒါပေမယ့်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေမှာကျတော့ အန်စီအေ ဖြတ်ကျော်ပြီးမှလို့  အဲဒီလို ညွန်းဆိုထားတဲ့သဘောရှိတယ်။  အဲတော့ လောလောဆယ် အနေအထားမှာ တော်တော်များများ ပြည်နယ် တချို့တွေမှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး အန်စီအေပေါ့။ အထူးသဖြင့်ကတော့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ ရှိတဲ့နေရာဒေ သတွေမှာကျတော့ ဦးဆောင်ခွင့်မရဘူး။ ကျင့်ပခွင့်မပြုဘူးဆိုရင်တော့ ကျနော်ထင်တယ်။ အဲဒီဒေသမှာရှိတဲ့ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် ဆွေးနွေးမယ့်လူတွေအနေနဲ့  နည်းနည်းလေး အခက်အခဲများရှိနေမလားပေါ့။ “ဥပမာ နိုင်ငံရေးပါတီတွေ၊ ဦးဆောင်ခွင့်ရှိတယ်။ လူမှုအဖွဲ့အစည်းတွေ လူမျိုးစုအလိုက်ရှိတယ်။ သို့သော် ဒီနေရာမှာ ပြောရရင်တော့ တစုံလုံး အခြေအနေတွေနဲ့ပတ်သက်လို့ ထဲထဲဝင်ဝင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တကယ်တန်း ဦးဆောင်နေတာက ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ခပ်များများပိုဖြစ်နေတော့  ကျနော်နားလည်ရသလောက်ဆိုရင် တချို့ပြည်နယ်မှာရှိတဲ့နိုင်ငံရေးပါတီတွေက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သိပ် ထဲထဲဝင်ဝင်ပါခဲ့တဲ့ဟာမျိုးတွေ မရှိတဲ့အခါကျတော့ သူတို့ ဦးဆောင်မှု ပေးရတဲ့အခါမျိုးတွေမှာ နည်းနည်းလေး အားနည်းချက်တွေများ ရှိမလားဆိုတဲ့စဉ်းစား ချက်တွေလည်း ရှိတာပေါ့နော်။ ဒီကိစ္စကိုလည်း ကျနော်တို့ တချို့တော့ ယေဘုယျသဘောဆွေးနွေးကြတာပေါ့လေ။ နည်းလမ်းလေးရှာကြံပြီးတော့ အန်စီအေမထိုးသေးသော်လည်း ကျနော်တို့ ကျင့်ပခွင့်ပြုနိုင်တဲ့နည်းလမ်းလေးတွေကိုတော့ ကျနော်တို့  စဉ်းစားသင့်တယ်ဆိုတဲ့ အခြေခံမျိုးပေါ့။ “ကျနော်တို့ဘက်ကတော့ လောလောဆယ်မှာတော့ ပါဝင်ပြီး အကျယ်တ၀င့်ဆွေးနွေးခြင်းတော့မလုပ်သေးဘူး။ သို့သော် ကျနော်တို့ တင်ပြချက်တွေကို နားထောင်ရင်းနဲ့ မနက်ဖြန်မှာ ကျနော်တို့ ဘယ်လိုနည်းလမ်းတွေနဲ့ သွားလို့ရမလဲဆိုတာကို  စဉ်းစားဖို့ရှိပါတယ်။ ပါဝင်ဆွေးနွေးမှာပါ။  အဲတော့ ဒီနေ့ကတော့ ကျနော်တို့ အဆုံးမသတ်နိုင်သေးဘူး။ “အထူးသဖြင့်ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲထက် လုပ်ငန်းကော်မတီရဲ့ TOR (လုပ်ငန်းလမ်းညွန်) ကိုပဲ ကျနော်တို့ ဆွေးနွေးပြီးတော့ အခု လူမျိုးစုအလိုက် ဘယ်လိုကျင်းပ မလဲဆိုတဲ့ကိစ္စကိုသွားနေတာပေါ့နော်။ အဲဒီမှာလည်း ကျနော်တို့ နည်းနည်းလေး လူမျိုးစုအလိုက်ဆိုတဲ့နေရာမှာလည်း ကျနော်တို့ လောလောဆယ်မှာ ဗမာပြည်မှာ လူမျိုးပေါင်းက ၁၃၅ မျိုးလို့ ပြောထားတယ်။ တချို့ပြည်နယ်တွေမှာလည်းပဲ ပြောရရင်တော့ ဒေသကို အစွဲပြုပြီးတော့ လူမျိုးတမျိုးလိုဖြစ်လာတာတွေလည်းရှိတယ်။ တချို့ဟာတွေလည်း ဘာသာစကားတမျိုးပြောတာကို လူမျိုးတမျိုးလို ဖြစ်လာတာတွေရှိတယ်ဆိုတဲ့ အခြေခံကလည်းရှိတော့ နည်းနည်းလေ ကျနော်တို့ စဉ်းစားသုံးသပ်ရမယ့် အခြေအနေတွေရှိတယ်။   ဒီဟာလည်း ကျနော်တို့ အိမ်စာသဘောနဲ့ ဆွေးနွေးကြရင်းနဲ့ မနက်ဖြန်ခါမှာ အဖြေရှာကြဖို့ပေါ့နော်။ ” မေး - အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ မူဘောင်အတည်ပြုမှုအခြေအနေ ဖြေ - “ကျနော်တို့သိရသလောက်ဆိုရင် ဒီလ ၂၈- ၂၉ ကိုပြန်ရွှေ့သွားတယ်လို့ကျနော်တို့ အဲလို နားလည်ပါတယ်။ ၂၁-၂၂ တော့မဖြစ်နိုင်ဘူး။ ရွေ့ထားပြီးသား သဘောမျိုးပြောပါတယ်။ အဲဒိအချိန်ကျရင် ကျနော်တို့ နားလည်ရသလောက်ဆိုရင် အတည်ပြုဖို့လည်း  လွယ်ဦးမယ်မထင်ဘူးပေါ့နော်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ အခုနက ပြောတဲ့  တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တပြေးညီမလုပ်နိုင်ဘူးဆိုရင် လာမယ့် ဒုတိယအကြိမ်ပြုလုပ်မယ့် ညီလာခံကျလို့ရှိရင် ကျနော်တို့ တင်ပြဆွေးနွေးမယ့်  တင်ပြချက်အကြောင်းအရာတွေနဲ့ပတ်သက်ရင် ဒေသတခုလုံးကို ခြုံငုံပြီးတော့ အဖြေရှာ ညှိနှိုင်းဆွေးနွေးနိုင်မယ့် ရလဒ်ကောင်းရဖို့ နည်းနည်းခက်ခဲ ပါလိမ့်မယ်။ ဆိုလိုတာကတော့  တချို့ဒေသတွေမှာ ကွက်ပြီးကျန်ခဲ့မယ်သဘောပြောတာပေါ့နော်။ အမြင်သဘောထားက တနိုင်ငံလုံးကို မလွှမ်းခြုံဘူးဆိုတဲ့ သဘောပေါ့။ စုစည်းရရှိတဲ့ သဘောထားအမြင်တွေက ကွက်ကျားလိုဖြစ်နေမှာ ဆိုတဲ့အခါကျတော့  ဒါ ပြီးပြည့်စုံတဲ့ အနှစ်သာရရှိတဲ့ အဖြေရှာမှုဖြစ်ဖို့ နည်းနည်းခက်ခဲပါလိမ့်မယ်။ ကျနော်က အဲဒါကို အဓိကထားပြီး စဉ်းစားနေတာပါ ” မေး - နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြန်လည်ပြင်ဆင်နိုင်ရေးကိစ္စ ဖြေ - “အခုက သုံးသပ်ပြီးရင် ပြန်လည်ပြင်ဆင်ရေးကိုသွားမှာပါ။ မူလကတည်းက ဒီအစီအစဉ်နဲ့ သွားတာကိုးနော်။ သုံးသပ်ပြီးရင် ပြင်ဆင်မယ် ပြင်ဆင်ပြီးရင် အတည်ပြုမယ် ဆိုတဲ့သဘောပါ” မေး - ဒီပီအန်အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ အခက်အခဲရှိနေဆဲ ဖြေ - “လောလောဆယ်မှာ ဒီလိုပဲ မှတ်ယူလို့ ရပါတယ်။ ဒါပေမယ့် တချိန်ထဲမှာ ကျနော်တို့ ပြောထားပြီးသားလေ။ မျဉ်းပြိုင်ကို သွားမယ်လို့ ကျနော်တို့ ပြောထားတယ်။ ဒီမူဘောင်ပြန်လည် သုံးသပ်မှုမှာကတော့ ကျနော်တို့ ပါဝင်ပူးပေါင်းဆောင်ရွက်မယ်။ တကြိမ်ထဲမှာပဲ အန်စီအေ လက်မှတ်ရေးထိုးနိုင်ဖို့ အတွက်လမ်းကြောင်းတွေကို အဖြေရှာသွားမယ်။ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်ဆိုတာလည်း ကျနော်တို့ ပြောပြီးဖြစ်တယ်။ အဲတော့ ဒီ မူပေါင်ပြန်လည်သုံးသပ်မှုမလုပ်ခင်မှာလည်း နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ပြီးပြီ။ အဲဒီမှာလည်း ကျနော်တို့ နားလည်မှုတစုံတရာရထားပြီးတဲ့အပေါ်မှာ လာမယ့်လကျလို့ရှိရင်လည်း ဆက်လက်ညှိနှိုင်းပြီး အဖြေရှာမယ်ဆိုတာကို ပြောထားတာရှိတယ်။” “တချိန်ထဲမှာ စစ်ရေးအခြေအနေတွေ လျော့ချမယ်။ နောက်ပြီး အန်စီအေထိုးနိုင်အောင် နည်းလမ်းတွေ ဘယ်လိုရှာကြံကြမလဲဆိုတဲ့ဟာကိုလည်း ကျနော်တို့က အကြမ်းအားဖြင့် ညှိထားတာတွေရှိပါတယ်။ ညှိထားတယ်ဆိုတာက ဆွေးနွေးပွဲမှာ ကျနော်တို့ အတိအကျ မပြောသေးပေမယ့် အပြင်မှာ ကျနော်တို့ နည်းလမ်းတွေ ရှာကြံပြီးတော့ ဘယ်လမ်းနဲ့ သွားရင်အကောင်းဆုံးဖြစ်မလဲ ဘယ်လိုအဖြေရှာကြမလဲဆိုတဲ့ဟာကိုတော့  လောလောဆယ်မှာ စဉ်းထားထားဖို့၊ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေကို ကျနော်တို့ အပြင်မှာ ရှာလို့ရရင် တရား ၀င်တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ပိုပြီးလွယ်ကူဖို့ရှိပါတယ်။” “အဲဒါကြောင့်မို့လို့ ကျနော်တို့ဒီ ဆင့်ကို မကျေ်လွှားနိုင်ခင်မှာ မူဘောင်ပြန်လည်သုံးသပ်မှုနဲ့ပတ်သက်လို့  အခု အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်ကို သွားမယ့်အနေအထားကတော့ ကျနော်ထင်တယ်။ လောလောဆယ် အဆင်သိပ်ချောမယ်တော့ မထင်ဘူး။ အဲဒါကြောင့်မို့ ကျနော်တို့က မြေပြင်က အခြေအနေနဲ့ ညှိနှိုင်းဆွေးနွေးနေတဲ့ အဆင့်ကိုအရင်ဆုံးတကြိမ်ထဲမှာ အဖြေရှာသွားဖို့ လိုတယ်လို့ ကျနော်ထင်တယ်။ ဆိုလိုတာကတော့ မူဘောင်ပြန်လည်သုံးသပ်မှုကို တခါတည်း အပြီးမဖြတ်လိုက်ဖို့ပေါ့နော်။  ချိန်ထိုးပြီးတော့ ကျနော်တို့  ညှိနှိုင်းဆွေးနွေးမှု လုပ်နေတဲ့ တကြိမ်ထဲမှာပဲ မြေပြင်က အခြေအနေနဲ့ ထိန်းညှိပြီးတော့ သွားဖို့ ဆိုတဲ့ သဘောပါ။ ” မေး - ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နဲ့ ဒီပီအန်တို့ နေပြည်တော် တွေ့ဆုံဆွေးနွေးပွဲမှာ အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့  အစိုးရထံမှာ တောင်းဆိုထားတဲ့ အချက် ၈ချက်အခြေအနေ ဖြေ - “လောလောဆယ်မှာတော့ ကျနော်တို့ ဒီပီအန်အနေနဲ့ကတော့ ၈ချက်စလုံးကဘာလဲလို့ အသေးစိတ်ပြောလို့ မရသေးဘူး။ ကျနော်တို့ ညှိနှိုင်း အဖြေရှာတဲ့ဟာဟာ မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ကျနော်တို့ ချိန်ထိုးပြီးဆောင်ရွက်နေရတဲ့အခါကျတော့ အသေးစိတ်ကိုတော့ ကျနော်တို့ လောလောဆယ်မှာ ပြောလို့ မရသေးပါဘူး။ အဓိကအားဖြင့်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဘယ်လိုသွားကြမလဲဆိုတဲ့ကိစ္စမျိုးကို ယေဘုယျ ဆန်ဆန်ပြောလို့ရတယ်။ နောက်တခုက ညီလာခံမှာ နိုင်ငံရေး ဆွေးနွေးမှု ဘယ်လို အဖြေရှာကြမလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး  အထူးသဖြင့်ကတော့  တွေ့ဆုံဆွေးနွေးတဲ့အဆင့်နဲ့ အဆုံးအဖြတ်ယူတဲ့နေရာမျိုးတွေမှာ  ဘယ်လိုသွားကြမလဲ ဆိုတဲ့အခြေခံတွေပါတယ်။ နောက် အနာဂတ်နိုင်ငံတော်ကြီးကို ဘယ်လိုပုံစံနဲ့ သွားချင်လဲဆိုတဲ့ ဟာတွေပါတယ်။  ကျနော်တို့ ဒီလိုအခြေအနေတွေရောက်ရှိဖို့အတွက် ၊ တပ်ဖက်ဆိုင်ရာကိစ္စ ဘယ်လိုထိမ်းညှိကြမလဲ။ နောက် တပ်ဖက်ဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်လိ့  သဘောတူညီမှုရပြီးတဲ့ နောက်မှာ တကယ်လို့များ လက်နက်ကိုင်ပရိက္ခတွေ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ  ဘယ်လိုကိုင်တွယ်ဖြေရှင်မလဲဆိုတဲ့ နည်းနာလေးတွေ ကျနော်တို့ အဓိကထားတာဖြစ်ပါတယ်၊ နောက်တခုကတော့ တနိုင်ငံလုံးမှာရှိတဲ့ ကျနော်တို့ စီမံကိန်းလုပ်ငန်းတွေ သယံဇာတတို့ ရေကာတာအဆုံးပေါ့ဗျာ၊ ဒီလို ကိစ္စရပ်တွေမှာ အစိုးရအနေနဲ့ ဆောင်ရွက်မယ်ဆိုရင် ဒေသခံလူထုတွေနဲ့ ညှိနှိုင်းတိုင်ပင်မှုရှိဖို့လိုတယ် သဘောတူညီမှုရှိဖို့တွေလိုတယ်၊ ရှင်းရှင်းပြောရရင် EITI ပေါ့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်၊ တာဝန်ယူတာဝန်ခံမှုရှိဖို့လိုတယ်ဆိုတဲ့  သဘောမျိုးကို သေချာအောင်လို့ အစိုးရကို ညှိနှိုင်းဆောင်ရွက်နေတဲ့ သဘောတွေ ပါတယ်။ နောက်တခု က လူသားချင်းစာနာမှုအကူ လူမှုအကူအညီထောက်ပံ့မှုတွေနဲ့  ပတ်သက်လို့ ရယူတဲ့အခါမှာ အထူးသဖြင့်လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာဒေသမှာ ရှိတဲ့ ပြည်သူလူထုတွေက ပိုပြီးတော့ လိုအပ်မှုတွေရှိနေတယ်။ နောက် အကူအညီတွေကမရောက်နိုင်ဘူး အကန့်အသတ်တွေရှိနေတယ်။ ဒါကြောင့် ဒီလိုနေရာဒေသတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ကိုယ့် ဒေသခံလူထုတွေအတွက် လူမှု အကူအညီတွေယူနိုင်ဖို့  အစိုးရက  ခွင့်ပြုသင့်တယ်ဆိုတဲ့ ဟာမျိုးတွေ ညှိနှိုင်းဆောင်ရွက်တဲ့ ဟာမျိုးတွေ အခြေခံပါပဲ။   ရှင်းရှင်းပြောရရင် ဒီအခြေခံတွေပါပဲ။” “နောက်တခုကတော့ ပြသနာရှိရင်  အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ရင် နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှု ကိုလည်းဆွေးနွေးနေကြတယ်။  ဥပမာ ကျနော်တို့ ပြသနာဟာ ပြည်တွင်း ပြသနာဆိုပေမယ့်လို့ ဘက်တွေရှိကြတယ်၊ ပြသနာဖြစ်ဘက်တွေအနေနဲ့ ပြသနာဖြစ်ပေါ်လာ လို့ ဖြေရှင်းတဲ့အခါမျိုးတွေမှာ သူ့ဘက်ကိုယ့်ဘက်နဲ့ ကျနော်တို့ ပြောကြဆိုကြတဲ့ အခါမျိုးတွေမှာ မျှတတဲ့ အဖြေကောင်းမရဘူးပေါ့ဗျာ။ ရှင်းရှင်းပြောရရင် ၊ အဲတော့သမာသမတ်ကျကျနဲ့  အဖြေရယူနိုင်ဖို့အတွက် နိုင်ငံတကာ ယုံကြည်စိတ်ချတဲ့ ကျနော်တို့ နှစ်ဦးနှစ်ဖက်လက်ခံမယ့် လူပုဂ္ဂိုလ်တွေနဲ့ ပိုပြီးတော့ သမာသမတ်ကျမလားဆိုပြီးတော့ ဆွေးနွေးဖြစ်ကြတာပါ။ ဆိုတော့ စစ်ဘက်ဆိုင်ရာ ကိစ္စတွေ ကျနော်တို့ ဆက်လက်ညှိနှိုင်းဖို့ရှိတယ်။ နောက် တခါ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ မူဘောင် ပြန်လည်သုံးသပ်တဲ့ အဆင့်တွေမှာ ဘယ်လို ဆက်လက်သယ်ဆောင်ပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာမလဲ၊ မူဘောင်ထဲမှာ  ပြဌာန်းနိုင်အောင် ဘယ်လိုသွားကြမလဲ ဆက်လက်ညှိနှိုင်းဆောင်ရွက်ဖို့ အချက် အလက်အနေနဲ့ ချန်ထားတာလို့ ယေဘုယျအားဖြင့် ဒီလိုပဲ ကျနော်ပြောနိုင်ပါတယ်။ အချက်အလက် တိတိပပကိုတော့ လောလောဆယ် ကျနော့်မှာ မျှဝေဖို့ အခွင့်လမ်းမရှိသေးဘူးပေါ့ ” “တောင်းထားတဲ့ အချက်တွေ အကုန်အဆင်ပြေသွားတယ်လို့ မဟုတ်ပေမယ့်လို့  ဆုံးဖြတ်ချက် တချို့ချတာကတော့ အကောင်အထည်ဖော်မလဲဆိုတဲ့  ၄ ချက်လောက် အကြမ်းဖျဉ်းသဘောတူ ထားကြပြီးပြီ တချို့ကိစ္စရပ်တွေကိုတော့ ဒီမူဘောင် သုံးသပ်တဲ့အဆင့်မှာ ကျနော်တို့ သွားမယ် တချို့ကတော့ လာမယ့် ဂျေအမ်စီအစုအဖွဲ့နဲ့ တွေ့ဆုံပြီး ကိစ္စရပ်လေးတွေကိုတော့ တသီးတသန့် နေရာမှာ ဆွေးနွေးပြီးတော့ အဖြေရှာမယ်ဆိုတဲ့သဘောမျိုးပေါ့” မေး - အပစ်မရပ်သေးတဲ့အဖွဲ့တွေ အန်စီအေလက်မှတ်ရေးထိုးဖို့အခြေအနေ ဖြေ - “ဒါကတော့ မျဉ်းပြိုင်လိုသွားတဲ့ ပြန်လည်သုံးသပ်မှုနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်မှုအပေါ်မှာ မူတည်ပါတယ်။ အချိန်နဲ့  မြေပြင်က အခြေအနေကို ကျနော်တို့ ထိမ်းညှိနိုင်တဲ့အနေအထားပေါ် မှာလည်းမူတည်တယ်။ ကျနော်တို့ ဘယ်လောက်ထိမ်းညှိနိုင်မလဲပေါ့နော်။ စားပွဲဝိုင်းမှာတော့ အဖြေရှာဖို့ စကားပြောကြပြီ သဘောတူညီမှုရပြီး မြေပြင်ကအခြအနေနဲ့ သဘောတူညီမှုက ထိမ်းညှိလို့မရဘူး သဟဇာတ မဖြစ်ဘူးဆိုရင် ဒါက အခက်အခဲတခုပဲလေ အဓိက သဘာတူညီမှုတွေကို အကောင်အထည်ဖော်တဲ့အခါမျိုးတွေမှာ မြေပြင်က အခြေအနေတွေနဲ့ ကျနော်တို့ ဆက်စပ်ပြီး အကောင်အထည်ဖော်ရမှာတော့။ အဲတော့ အဲဒီ အကောင်အထည်ဖော်မှုကိုလည်း ကျနော်တို့ နှစ်ဦးနှစ်ဘက်သဘောတူထားတဲ့အပေါ်  ကျနော်တို့ ဘယ်လောက်များ အကောင်အထည်ဖော်နိုင်မယ်ဆိုတဲ့ အခြေအနေအပေါ်မှာလည်းမူတည်ပါတယ်။ အားလုံးကတော့ အပြုသဘောဆောင်တဲ့ဘက်ကိုပဲ တဖြည်းဖြည်းသွားကြရမှာပဲ အဖြေရယ်လို့ တော့မရသေးဘူးပေါ့နော် ” “အဲဒီဟာတွေကျော်လွှားပြီးမှပဲ အန်စီအေထိုးဖို့ဖြစ်လာမှာပါ ကျနော်တို့ စစ်ရှိန်လျော့ချမယ် နောက် ဘယ်လိုသဘောတူညီချက်တည်ဆောက်မလဲပေါ့ အဲဒီဟာပြီးမှပဲ အန်စီအေ လက်မှတ်ထိုးဖို့ ကိစ္စကို စဉ်းစားမှာပါ” မေး - ကျော်လွှားရမယ့် စိန်ခေါ်မှုအခက်အခဲများ ဖြေ - “အားလုံးပါဝင်ရေးကိစ္စမှာ နည်းနည်း အခက်အခဲရှိနေသေးတယ်။ ကျနော်တို့က ငြိမ်းချမ်းရေးကို တစုံလုံးလိုချင်တာလေ  တစုံလုံးငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် တစုံလုံးအတွင်းမှာရှိတဲ့ ပြသနာအ၀ိုင်းအ၀န်းမှာ ပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့တိုင်းပါဖို့လိုပါတယ်။ ဒီဟာက အဓိကကျပါတယ်။ ပြောရရင်တော့ ဒီအချက် ၂ချက်လို့ပဲ ကျနော်နားလည်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024