ရန်ကုန်-မန္တလေးလမ်းတွင် ထော်လာဂျီနှင့်တွဲကားတိုက်မိ ၁ ဦးသေ ၂ဦးဒဏ်ရာရ
DVB
·
October 21, 2016
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ရန်ကုန်- မန္တလေးလမ်းပေါ်မှာ မနေ့မနက်က ထော်လာဂျီယာဉ်တစီးနဲ့ ၂၂ ဘီးတွဲကားယာဉ် တိုက်မိပြီး လူတဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ သွားပါတယ်။
ရန်ကုန်-မန္တလေးလမ်းမိုင်တိုင် ၃၆၇/၃နဲ့ ၃၆၇/၄ ကြားဘုရားဖြူကျေးရွာ အနီးမှာ ၂၂ ဘီးတွဲကားမှ ကားကျော်တက်စဉ် တဖက်ယာဉ်ကြောက မောင်းနှင်လာတဲ့ထော်လာဂျီ ကိုမျက်နှာချင်းဆိုင် ၀င်တိုက်မိပြီး တိမ်းမှောက်ကာ ထော်လာဂျီပေါ်စီးနင်းလာသူ အသက် ၂၀ အရွယ် အမျိုးသား တဦး လွင့်စဉ်ကာ နေရာတွင် သေဆုံးသွားခဲ့တာပါ။
၂၂ ဘီးတွဲကားယာဉ်မောင်းသမားနဲ့ ယာဉ်နောက်လိုက်တို့လည်း ဒဏ်ရာလို့ ဝမ်းတွင်းမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
တွဲကားယာဉ်မောင်းကိုတော့ ယာဉ်မဆင်မခြင်မောင်းနှင်လူသေဆုံး စေမှု ပုဒ်မ၃၀၄(က) အပြင် ပြင်းထန်သော ဒဏ်ရာရှိစေသော ပုဒ်မ ၃၃၈နဲ့ပါ ရွှေတောင်နယ်မြေရဲစခန်း က အမှုဖွင့်စစ်ဆေးဆောင်ရွက်နေပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)