စစ်ပွဲများရပ်တန့်ရေး ရှမ်းပြည်နယ် ကွတ်ခိုင်မြို့တွင် လူထုဆန္ဒပြ
ခွန်ဇော်ဦး
·
October 21, 2016
စစ်ပွဲတွေရပ်တန့်ဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ ဒီကနေ့မနက်ပိုင်းက ထောင်နဲ့ ချီတဲ့ ဒေသခံတိုင်းရင်းသားတွေက မြို့တွင်းစီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ပြည်တွင်းစစ်တွေရပ်တန့်ရေး၊ ပြည်သူလူထု ငြိမ်းချမ်းစွာနေထိုင်ရေး၊ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးရေး ပိုစတာတွေ ကိုင်ဆွဲကြွေးကြော်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။