ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂ ရက်နေ့ ဂျပန်သွားမည်
DVB
·
October 21, 2016
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကို လာမယ့် နိုဝင်ဘာလ ၂ ရက်ကနေ ၅ ရက်အထိ ချစ်ကြည်ရေးခရီးလာရောက်မယ်လို့ ဂျပန်နိုင်ငံထုတ် ယူမီယူရီ သတင်းစာမှာဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နိုင်ငံခြားရေးဝန်ကြီး ကီရှိဒတို့နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလာရောက်ရေး၊ အခြေခံအဆောက်အဦ မြှင့်တင်ရေးနဲ့ စီးပွားရေးကိစ္စတွေကို ဂျပန်စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ လည်း တွေ့ဆုံပြီးအဓိက ထားဆွေးနွေးသွားဖွယ်ရှိတယ်လို့ သတင်းစာမှာရေးသားဖော်ပြပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ပြီးကတည်းက ဂျပန်ကိုလာရောက်ဖို့ ဖိတ်ခေါ်နေတာဖြစ်ပြီး ပြီးခဲ့စက်တင်ဘာလက လာအိုနိုင်ငံမှာ တွေ့ဆုံခဲ့စဉ်ကလည်း အမြန်ဆုံးလာရောက်ဖို့ ထပ်မံဖိတ်ခေါ်ထားပါတယ်။