Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်မှုကို မြန်မာနှင့် အိန္ဒိယ ရှုတ်ချ
DVB
·
October 20, 2016
  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၁၉ ရက်ညပိုင်းက အိန္ဒိယနိုင်ငံ ခရီးစဉ်ကနေ နေပြည်တော်ကို  ပြန်လည်ရောက်ရှိလာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုမှန်သမျှကို ရှုတ်ချပါကြောင်း နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။ ကြေညာချက်မှာ “နှစ်ဖက်လုံးမှ အကြမ်းဖက်တိုက်ခိုက်မှု၏ မည်သည့်ပုံစံမျိုးကိုမဆို ရှုတ်ချကြောင်း၊ မည်သည့်နေရာ၌ မည်သူကျူးလွန်သည် ဖြစ်စေ၊ အကြမ်းဖက် တိုက်ခိုက်မှုမှန်သမျှကို ရှုတ်ချပါကြောင်း ဖော်ပြခဲ့ကြသည်။ အကြမ်းဖက်မှု ဆန့်ကျင် တိုက်ဖျက်ရာတွင် အကြမ်းဖက်သမားများကို ပစ်မှတ်ထားတိုက်ခိုက်ရန်နှင့် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ¤င်းတို့၏ အချိတ်အဆက်များမှ အကြမ်းဖက်မှုအား အားပေးခြင်း၊ ပံ့ပိုးကူညီခြင်း (သို့မဟုတ်) ငွေကြေးပံ့ပိုးမှုများကို ပိတ်ပင်တားဆီးရန် သဘော တူညီကြောင်း ဖော်ပြခဲ့ပါ သည်။ နှစ်ဖက်လုံးမှ အကြမ်းဖက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှုတွင် အဆိုးဆုံးဖြစ်ကြောင်းနှင့် အပြစ်မဲ့သူများအား ပျက်သုဉ်းစေသည့် အကြမ်းဖက်သမားများအား သင်တန်းပေးခြင်း (သို့မဟုတ်) ပစ္စည်းထောက်ပံ့ပေးခြင်း၊ ငွေကြေးပံ့ပိုးပေး ခြင်း၊ ထောက်ခံခြင်း တို့သည် ကောင်းမွန်သည့် ဆောင်ရွက်မှု မဟုတ်ကြောင်းကိုလည်း သဘောတူညီခဲ့ကြပါ သည်။ နှစ်နိုင်ငံစလုံးမှ ကုလသမဂ္ဂတွင် ဆွေးနွေးနေဆဲဖြစ်သော အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုဆိုင်ရာ ကွန်ဗင်းရှင်းအား အမြန်ဆုံး အပြီးသတ်ရေးကို တိုက်တွန်းကြပါသည်”လို့ ဖော်ပြပါတယ်။ တခါ အိန္ဒိယဝန်ကြီးချုပ်က “ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်စခန်းသုံးခုတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်တိုက်ခိုက်မှုများကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက် တိုက်ခိုက်ခံရမှုများတွင် ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအား စာနာ ထောက်ထားတယ်”လို့ ဖော်ပြပါတယ်။ နှစ်ဖက်စလုံးက နယ်စပ်တလျှောက် လုံခြုံရေးထိန်းသိမ်းမှုဟာ နယ်စပ်ဒေသ စီးပွားရေးနှင့် လူမှုဘဝတိုးတက်စေရေး အတွက် အရေးပါတယ်လို့  တူညီစွာရှုမြင်ကြတယ်။ အချုပ်အခြာအာဏာပိုင်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစားကြောင်းနှင့် သောင်းကျန်းသူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ အကြမ်းဖက်မှုအ္တရာယ်ကို ဆန့်ကျင်တိုက်ဖျက်သွားကြဖို့ ကတိကဝတ်ပြုကြောင်း ထပ်လောင်းပြောကြားခဲ့ကြပါတယ်။ အလားတူ နှစ်နိုင်ငံ နယ်စပ်လုံခြုံစေရန် ရည်ရွယ်ပြီး နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ အကြား ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သတင်းအချက်အလက် ဖလှယ်ရေးအတွက် ဆက်လက်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားကြဖို့ သဘောတူညီ ခဲ့ကြပါတယ်။ သက်ဆိုင်ရာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေအကြား ဆွေးနွေးမှုတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ အတွက်လည်း နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပါတယ်။ အိန္ဒိယအစိုးရက မြန်မာနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်မှု အဆင့်မြှင့်တင်ခြင်း၊ လူ့အရည်အသွေး မြှင့်တင်ခြင်း၊ စိုက်ပျိုးရေး၊ ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍတွေမှာ ဆက်လက် အကူအညီပေးသွားမယ်လို့လည်း ခရီးစဉ်အတွင်း သဘောတူခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယချစ်ကြည်ရေးခရီးစဉ်အတွင်း အောက်တိုဘာ ၁၆ ရက်က အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘင်မ်းစတက်နဲ့ ဘင်မ်းစတက် ဆက်စပ်စည်းဝေးပွဲများကိုလည်း တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024