လူကူးမျဉ်းကြားပေါ် ကုန်ကားတစီးက အငှားယာဉ်ပေါ် ပိကျ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ အောက်တိုဘာလ ၁၇ ရက်နေ့က ကုန်တင်ကားတစီးဟာ မီးပွိုင့်မိချိန်မှာ ဘေးလမ်းကြောင်းပေါ်မှ အငှားယာဉ်တစီးပေါ် ကြောက်မက်ဖွယ် ပိကျခဲ့ပြီး ယာဉ်မောင်းတဦး သေဆုံးခဲ့ပါတယ်။ အဆိုပါ ကုန်တင်ကားဟာ မီးပွိုင့်မိချိန် လူကူးမျဉ်းကြားပေါ် ရုတ်တရက် ရပ်လိုက်တဲ့ ရှေ့ကကားကို ရှောင်ဖို့ ဘရိတ်အုပ်လိုက်ကာ ဘေးလမ်းကြောင်းဆီ ကွေ့ယူလိုက်ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကုန်ကားကြီးဟာ အငှားယာဉ်ပေါ် ကြောက်မက်ဖွယ် ပိကျခဲ့ တာကို တွေ့ရပြီး ယာဉ်မောင်းဖြစ်သူဟာ နေရာတင် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ လတ်တလော လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အငြင်းပွားဝေဖန် မှုတွေ မြင့်တက်နေခဲ့တာပါ။ တရုတ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ဝေဘို(Weibo)အသုံးပြုသူတဦးက “တခြားကားတစီးက မီးနီကို ဖြတ်မောင်းတယ်။ နောက်တစီးက အန္တရာယ်ရှိတဲ့ ဆုံးဖြတ် ချက်ကို ချတယ်။ ကြားထဲမှာ ယာဉ်၊ လမ်းစည်းကမ်းကို လိုက်နာတဲ့ ယာဉ်မောင်းက အ သက်ဆုံးရှုံးရတယ်”လို့ မှတ်ချက်ပြုရေးခဲ့တာကို တွေ့ရပါတယ်။ အများစုကတော့ အသက်သေဆုံးသွားခဲ့ရတဲ့ အငှားယာဉ်မောင်းအတွက် ၀မ်း နည်းစိတ်ထိခိုက်နေခဲ့ကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up