မူလတန်း မိန်းကလေးများကို ရွှံ့အိုင်တွင်းထား မြွေပစ်ထည့် လေ့ကျင့်ပေးမှု ဝေဖန်ခံရ (ရုပ်သံ)

မလေးရှားနိုင်ငံမှာ မူလတန်းအရွယ် မိန်းကလေးတွေကို ရွှံ့အိုင်တခုထဲမှာ ရှိနေစေပြီး အဆိုပါရွှံ့အိုင်ထဲကို မြွေပစ်ထည့်ပြီး သင်ကြားပေးတဲ့ စာရိတ္တဆိုင်ရာသင်ကြားမှုအပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ကြာမြင့်ချိန် ၂.၄၉ မိနစ်ရှိတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာပါ။ ဒီလေ့ကျင့်ပေးမှုဟာ မလေးရှားနိုင်ငံ၊ ပီရက်ခ်ပြည်နယ်၊ ကွာလာကမ်ဆာဒေသမှာ ဖြစ်ခဲ့တာလို့ မလေးရှားအခြေစိုက် သည်စတားသတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ မူလတန်းကျောင်းသူ ၁၀ ယောက်လောက်ဟာ ရွှံ့အိုင်ထဲမှာ ရှိနေခဲ့ကြပြီး အဆိုပါအိုင်ထဲကို တယောက်ယောက်က မြွေတကောင် ပစ်ထည့်ခဲ့တာကို တွေ့ရပါတယ်။ ကလေးငယ်တွေဟာ နွံအိုင်ထဲမှာ ကြောက်အားလန့်အားနဲ့ အော်ဟစ်ငိုကြွေးနေခဲ့ကြကာ လွတ်မြောက်အောင် ကြိုးစားနေခဲ့ကြချိန်မှာ သူတို့ကို ရေပိုက်နဲ့ ဖျန်းနေခဲ့ပါ တယ်။ အမျိုးသား မိဘဆရာအသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ပါမောက္ခ ဒေါက်တာမိုဟာမက် အလီဟာဆန်က ဒီအပြုအမူကို ရှုတ်ချလိုက်တာပါ။ “အစိုးရအနေနဲ့ ဒီလို လေ့ကျင့်မှုမျိုးကို တားမြစ်သင့်တယ်။ လေ့ကျင့်ရေးစင်တာကို ပိတ်တာမျိုး၊ သင်ကြားရေးဆရာတွေကို နာမည်ပျက်စာရင်း သွင်းတာမျိုးတွေ လုပ်သင့်တယ်။ သင်တန်းဆရာတွေကို ပြန်လည်စစ်ဆေးရမှာ။ ဒါက မြွေအရှင်လေ။ ကစားစရာအရုပ်မှ မဟုတ်တာ။ သူတို့ ဘာတွေ စဉ်းစားနေခဲ့ကြတာလဲ” မလေးရှားနိုင်ငံ စိတ်ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အန်ဒရူး မိုဟန်ရက်ဂ်ျကတော့ ခုလိုအခြေအနေမျိုးမှာ ကလေးငယ်တွေဟာ ရုတ်တရက် လန့်သွားပြီး စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေ ဖြစ်သွားစေနိုင်တယ်လို့ ပြောလိုက်တာပါ။ လက်ရှိမှာတော့ ဒီအခြေအနေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး တပတ်အတွင်း အခြေအနေ အကြောင်းရပ်ကို သိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံရဲ့ မူလတန်းအဆင့် သင်ကြားရေးစနစ်တွေထဲမှာ အရေးပေါ် အခြေအနေနဲ့ ဆုံရင် ဘယ်လို လုပ်သင့်သလဲ၊ တကယ်လို့ မတော်တဆမှု တခုခု ဖြစ်လာရင် ရှေးဦးသူနာပြုစုနည်းနဲ့ မီးဘေးကာကွယ်ေ

More News
Up