Thursday, June 8, 2023
HomeLead Storyမြန်မာနေရှင်နယ်လိဂ် အသင်း ၂ နှစ်သင်း ထပ်တိုးမည်

မြန်မာနေရှင်နယ်လိဂ် အသင်း ၂ နှစ်သင်း ထပ်တိုးမည်

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ကလပ်အသင်း ၁၂ သင်းနဲ့ ကျင်းပနေရာက လာမယ့် ၂၀၁၈ ဘောလုံးရာသီမှာ ပြိုင်ပွဲဝင်အသင်း ၂ သင်း ထပ်တိုးပြီး  စုစုပေါင်း အသင်း ၁၄ သင်းနဲ့ ကျင်းပနိုင်ဖို့  ပြင်ဆင်နေပါတယ်။

အာရှဘောလုံးအဖွဲ့အချုပ်ရဲ့ သတ်မှတ်ချက်အရ ပရော်ဖက်ရှင်နယ် ပြောင်းရင် ပရော်ဖက်ရှင်နယ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်လုပ်ဆောင်ရတာ ဖြစ်တယ်လို့ မြန်မာနေရှင်နယ်လိဂ်စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။

၂၀၁၈ ခုနှစ် မြန်မာလိဂ်ပြိုင်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်ကိုယ်စားပြု အသင်းတွေ ပြန်လည်ပါဝင်ယှဉ်ပြိုင်ဖို့ရှိနေပြီး အသင်းအရေအတွက် တိုးလိုက်တဲ့အတွက် အာရှချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ တိုက်ရိုက်ယှဉ်ပြိုင်ကစားခွင့် ရနိုင်တယ်လို့လည်း ပြောပါတယ်။

ခုလို အသင်းအရေအတွက် တိုးးမြှင့်မှာဖြစ်တဲ့အပြင် ကလပ်အသင်းတွေအနေနဲ့ လူငယ်အသင်း ၃ သင်းအထိ ဖွဲ့စည်း ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

လာမယ့် ၂၀၁၇ မြန်မာလိဂ်ပြိုင်ပွဲမှာ အိမ်ကွင်း ကျင်းပမယ့် အသင်းအရေအတွက်လည်း တိုးလာမှာဖြစ်ပြီး မကွေး၊ ချင်းနဲ့ GFA အသင်းတွေကလွဲလို့ ကျန်အသင်း ၉ သင်းက အိမ်ကွင်းပွဲတွေ လက်ခံကျင်းပဖို့ ရှိနေပါတယ်။

မြန်မာလိဂ်ကော်မတီအနေနဲ့ အိမ်ကွင်းကျင်းပတဲ့ အသင်းတွေကို ကျပ်သိန်း ၁၅၀၀ ထောက်ပံ့ကြေးပေးမှာ ဖြစ်ပြီး တခြားအသင်းတွေကိုတော့ ကျပ်သိန်း ၁၀၀၀ ထောက်ပံ့ကြေးပေးမှာ ဖြစ်ပါတယ်။

လွှမ်းမိုးအောင်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular