အလဲ့ပိုမြို့ လေကြောင်းတိုက်ခိုက်မှုအားလုံး ရပ်လိုက်ပြီဟု ရုရှားပြော

902
ရုရှားနဲ့ ဆီးရီးယား လေတပ်တွေက အလဲ့ပိုမြို့ကို လေကြောင်းတိုက်ခိုက်မှု အားလုံးကို ရပ်လိုက်ပြီလို့ ရုရှ ကာကွယ်ရေးဝန်ကြီးက လောက်တိုဘာ ၁၈ ရက်နေ့မှာ ပြောပါတယ်။
မြို့ထဲက သူပုန်တွေနဲ့ အရပ်သားတွေ ထွက်သွားနိုင်ဖို့ ဗုံးကြဲတာ ရပ်မယ့် အစီအစဉ်မတိုင်မီ ၂ ရက်အလိုမှာ ခုလို ကြေညာတာပါ။
ကြာသပတေးနေ့မှာ လေကြောင်းတိုက်ခိုက်မှု ၈ နာရီ ရပ်နားမယ်လို့ ရုရှားအစိုးရက ကတိပေးခဲ့ပါတယ်။ စစ်ဘက်အရာရှိတွေနဲ့ ရုပ်သံအစည်းအဝေးအတွင်း ကာကွယ်ရေး ဝန်ကြီးက အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီကစပြီး လေကြောင်းတိုက်ခိုက်မှု ရပ်နားမယ်။ အရပ်သားတွေ ဘေးကင်းရာ ရွှေ့ဖို့ စင်္ကြန်လမ်း ၆ ခု ဘေးကင်းစေဖို့ အာမခံတယ်။
အလဲ့ပိုမြို့အရှေ့ပိုင်းက နာမကျန်းနဲ့ ဒဏ်ရာရသူတွေကို ဖယ်ရှားဖို့ ပြင်ဆင်တာ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်သွေးကြွတွေက သူတို့လက်နက်တွေနဲ့အတူ အထူးစင်္ကြန်လမ်း ၂ ခုကတဆင့် အလဲ့ပိုမြို့ကို စွန့်ခွာဖို့ ရုရှားက မျှော်လင့်ထားပါတယ်။
ဆီးရီးယားတပ်တွေက ဆုတ်ခွာတဲ့ စစ်သွေးကြွတွေကို အထိအခိုက်မရှိဘဲ ခွင့်ပြုဖို့ တပ်တွေကို ဆုတ်ထားပေးမယ်လို့ ရုရှားက ပြောပါတယ်။
ဆီးရီးယားနိုင်ငံအတွင်း အပိုင်းပိုင်း ကွဲပြားတိုက်ခိုက်နေတဲ့ ပြည်တွင်းစစ် ၅ နှစ်ကာလမှာ နတ်စ်ရာတပ်ဦးက အင်အားအကြီးဆုံးပါ။ အလယ်အလတ်လမ်းစဉ် အတိုက်အခံ တပ်တွေအနေနဲ့ နတ်စ်ရာတပ်ဦးအဖွဲ့ကို စွန့်ခွာဖို့၊ သီးခြားနေဖို့နဲ့ အဲလိုမှ မဟုတ်ရင် မနှစ်သက်ဖွယ် နောက်ဆက်တွဲတွေက ခြိမ်းခြောက်မှု ဖြစ်လာမယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ စစ်ရေးပညာရှင်တွေ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ တွေ့ဆုံပြီး ဆီးရီးယား အတိုက်အခံတွေကို အကြမ်းဖက်သမား ခေါင်းစဉ်တပ်ရေး ခွဲခြားသုံးသပ်မယ်လို့ ရုရှားက ဆိုပါတယ်။