Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ လျာထားလုပ်ငန်းစဉ်များ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်
ရွှေအောင်
·
October 19, 2016
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲ လျာထားလုပ်ငန်းစဉ်များကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ကော်မရှင် ကြေညာချက်အရ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို လာမယ့် နိုဝင်ဘာ ၂၈ ရက် ကနေ ဒီဇင်ဘာ ၇ ရက်အတွင်း တင်သွင်းကြရမှာ ဖြစ်ပါတယ်။ ကော်မရှင်က ကိုယ်စားလှယ်လောင်းများကို ဒီဇင်ဘာလအတွင်း စိစစ်ပြီး ဇန်န၀ါရီ ၂ ရက်မှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာပေးမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့်ကာလကို ဇန်န၀ါရီ ၃၀ ရက်ကနေ မတ်လ ၃၀ ရက်အထိ ၂လ အချိန်ပေးထားပြီး ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်များ စာရင်းကို ဧပြီ ၂ ရက်မှ ၅ ရက်အတွင်း ကြေညာပေးသွားမှာ ဖြစ်တယ်လို့လည်း ကော်မရှင်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးသိန်းဦးက အခုထုတ်ပြန်လိုက်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ လျာထားလုပ်ငန်းစဉ်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ထူးခြားမှု တစုံတရာ မရှိဘဲ အချိန်ဇယား ထုတ်ပြန်လိုက်တဲ့ သဘောပဲလို့ ပြောပါတယ်။ မဲဆန္ဒရှင်စာရင်းနဲ့ ပတ်သက်လို့တော့ သူက “မဲဆန္ဒရှင်စာရင်းကတော့ လောလောဆယ် ၂၀၁၅ ရဲ့ မဲစာရင်းအပေါ် မူတည်ပြီးတော့ အခုမှ ပြုစုရဦးမှာလေ။ အဲ့ဒီပေါ်မူတည်ပြီးတော့ စိစစ်ဆောင်ရွက်ပြီးမှ ကြေညာလို့ ရမယ်။” ၂၀၁၇ခုနှစ် ဧပြီ ၁ရက်မှာ မဲဆန္ဒနယ် ၁၈ခုအတွက် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ကော်မရှင်က ကြေညာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024