နတ်ရွာစံထိုင်းဘုရင်ကြီးကို ဂါရ၀ပြုပြည်သူ များလာသည့်အတွက် လုံခြုံရေးတင်းကျပ်

နတ်ရွာစံ ထိုင်းဘုရင်ကြီးကို လာရောက် ဂါရဝပြုဖို့ နိုင်ငံတလွှားက ပြည်သူတွေ မြို့တော် ဘန်ကောက်ကို ပိုရောက်လာမှာကို မျှော်လင့်ထားလို့ အစိုးရက လုံခြုံရေး တင်းကြပ် ထားပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ဒွိုင်ပွေတောင်ပေါ်ရွာက မုံးတိုင်းရင်းသားလူအဖွဲ့အစည်းက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က ရွာထဲက အဆောက်အဦ တခုမှာ စုရုံးခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲကို ကျင်းပပြီး ဘုရင်ကို ဂါရဝပြုခဲ့ပါတယ်။ လူအများအပြားက လေးစားမှုအနေနဲ့ တိုင်းရင်းသားဝတ်စုံတွေကို ဝတ်ထားကြပါတယ်။ ထိုင်းနိုင်ငံတွင်း တခြားဒေသတွေက လူတွေကတော့ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကြပါတယ်။ မြို့တော် ဘန်ကောက်က နန်းတော်တံခါးမှာတော့ နတ်ရွာစံဘုရင်အတွက် ဆုတောင်း ဂါရဝပြုဖို့ လူတွေ ပိုပြီး စုရုံး ရောက်လာကြပါတယ်။ ဘုရင်ကြီး အုပ်စိုးချိန်မှာ အသက်ရှင်ခဲ့ရတဲ့အတွက် အင်မတန် ဂုဏ်ယူ ကျေးဇူးတင် တယ်လို့ ဆုတောင်းသူတယောက်က ပြောပါတယ်။ တရားဝင် ဝမ်းနည်းခြင်းကာလကို အချိန်တနှစ် သတ်မှတ်ထားပါတယ်။ ရက်ပေါင်း ၃၀ ကာလအတွင်း အနက်ရောင် ဝတ်ဆင်ပြီး ပွဲလမ်းသဘင်တွေ ရှောင်ကြဉ်ကြဖို့ အစိုးရက ပြည်သူတွေကို တိုက်တွန်း ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up