Monday, June 5, 2023
HomeLead Storyပြင်သစ်လိဂ်ဝမ်းကလပ် မာဆေးကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ၀ယ်ယူ

ပြင်သစ်လိဂ်ဝမ်းကလပ် မာဆေးကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ၀ယ်ယူ

ပြင်သစ်လိဂ်ဝမ်းကလပ် မာဆေးကို ယူရို ၄၅ သန်းနဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ဖရန့်မက်ကောက် က ၀ယ်ယူလိုက်ပြီ ဖြစ်ပါတယ်။

မက်ကောက်ဟာ အမေရိကန် လော့စ်အိန်ဂျယ်ဒေါဂျားစ်အသင်းကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။

မာဆေးလ်အသင်းကို ပြင်သစ်နဲ့ ဥရောပချန်ပီယံ ဖြစ်လာဖို့ ၄ နှစ်အတွင်း ယူရို သန်း ၂၀၀ သုံးစွဲသွားမည်လို့ အသင်းပိုင်ရှင်အသစ်က ကတိပေးခဲ့ပါတယ်။

မာဆေးအသင်းဟာ ပြင်သစ်လိဂ်ဝမ်း ချန်ပီယံဆုကို ၉ ကြိမ် ရထားတဲ့ အသင်းဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ရာသီမှာတော့ အဆင့် ၁၃ နဲ့ သာ ရခဲ့တာပါ။

ဒီနှစ် ဘောလုံးရာသီမှာလည်း ၉ ပွဲ ကစားပြီး အဆင့် ၁၂ မှာ ရှိနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular