Home
မြန်မာသတင်း
ကနီ အမြန်ရေယာဉ် ဖော်ယူမှု နောက်ဆုံးအခြေအနေ
DVB
·
October 19, 2016
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာကမ်းပါးအနီးတွင် တမ်းမှောက်နစ်မြုပ်ခဲ့တဲ့ အမြန်ရေယာဉ်ကို အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ဆယ်ယူမှုတွင် အမြန်ရေယာဉ်အား တဝက်ကျော်ခန့် မတင်ဆယ်ယူနိုင်ခဲ့ပါတယ်။ ဆယ်ယူရာက ကရိန်း ဇတ်သင်္ဘော ၃ စင်းနဲ့ ရိုးရိုးဇတ်သင်္ဘော ၂ စင်းအပါဝင် ရေယာဉ်ငယ်တွေ နဲ့ ဆယ်ယူနေကြတာဖြစ်ပြီး တိုင်းမီးသတ်အဖွဲ့ဝင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေ အာဏာပိုင်တွေ လည်း ရုပ်လောင်းဆယ်ယူရေးအတွက် ဆောင်ရွက်နေကြပါတယ်။ အမြန်ရေယာဉ်ဆယ်ယူရာတွင် ရေယာဉ်အတွင်းမှာ နစ်မြုပ်သေဆုံးခဲ့တဲ့ ခရီးသည် အလောင်းများစွာကို တွေ့ရှိခဲ့ရပေမယ့်လည်း အရေတွက်မှာ ခန့်မှန်းမရပဲ ဖြစ်နေပါတယ်။ အမြန်ယာဉ်အထူးခန်းအတွင်းမှာ ပိတ်မိသေဆုံးနိုင်တဲ့ လိုက်ပါလာသူ ခရီးသည်မှာ အယောက် ၃၀ နီးပါး ရှိလိမ့်မယ်လို့ ခန့်မှန်းသူတွေလည်း ရှိနေပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့က ညအချိန်ဖြစ်နေတဲ့အတွက် ဆက်လက်ဖော်ယူဖို့ မဖြစ်နိုင်တဲ့အတွက် ဒီနေ့မှာ ဆက်လက်ဖော်ယူမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၉ ရက်မနက်မှာ ရေယာဉ်ကို အပြီးသတ် ဆက်လက်ဖော်ယူဖို့လည်း ဆောင်ရနေကြပါတယ်။ အောက်တိုဘာလ ၁၈ နေ့ ညနေက ဆယ်ယူမှုမှာ ရေယာဉ်အတွင်းမှ ထွက်ကျလာတဲ့ အလောင်း ၅ လောင်းအား တွေ့ရှိထားပါတယ်။ အောင်တိုဘာလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့ ညနေချိန်ထိ ရေယာဉ်တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူ ခရီးသည် ၃၀၀ အနက် ၁၅၀ ကျော်ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၄၀ ကျော်ရဲ့ အလောင်းကို တွေ့ရှိထားကာ ကျန်လူတွေကတော့ ပျောက်ဆုံးနေပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ခင်းမှာတော့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ သေဆုံးသူတွေ အတွက် ရက်လည်ဆွမ်းကျွေးဖို့ မိကျောင်းတွင်းကျေးရွာဘုန်းကြီးကျောင်းမှာ ပြုလုပ်ဖို့ အစီအစဉ်လည်း ရှိနေပါတယ်။ သတင်း - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024