မြန်မာပြည်တွင် ဟော်ကီကွင်းတကွင်းသာရှိ၍ လေ့ကျင့်ရန်အခက်တွေ့နေ

  မြန်မာနိုင်ငံမှာ ဟော်ကီကွင်းတကွင်းသာရှိတဲ့တွက် ဟော်ကီအားကစား လေ့ကျင့်ဖို့ အခက်တွေ့နေရတယ်လို့ ဟော်ကီအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောလုလုထော်က ပြောပါတယ်။ မြန်မာဟော်ကီအဆင့်အတန်းဟာ အရှေ့တောင်အာရှမှာ အဆင့် ၃၊ ၄ အတွင်းရှိပြီး ပိုမိုအဆင့်အတန်းမြင့်မားဖို့ အလားအလာကောင်းတွေရှိပေမယ့် မြန်မာနိုင်ငံမှာ သိမ်ဖြူ ဟော်ကီကွင်းတကွင်းပဲ ရှိတာကြောင့် လေ့ကျင့်ဖို့ အခက်တွေ့နေရတာပါ။ မြန်မာဟော်ကီအဖွဲ့ချုပ်အနေနဲ့ ဟော်ကီအားကစား ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းတွေက ကျောင်သူ ကျောင်းသားတွေကို သိမ်ဖြူဟော်ကီကွင်းမှာ အခြေခံနည်းစနစ်တွေ သင်ကြားပေးဖို့လည်း စီစဉ်နေပါတယ်။ လက်ရှိဟော်ကီ လက်ရွေးစင်အသင်းမှာ တပ်မတော် ကြည်း၊ ရေ၊ လေက ကစားသမား အများစု ကစားနေတာဖြစ်ပြီး ဟော်ကီအားကစားနည်းကို စိတ်ဝင်စားတဲ့သူတွေ နည်းပါးနေပါတယ်။ ဟော်ကီအားကစားနည်းဟာ လာမယ့် မလေးရှားဆီးဂိမ်းမှာ ထည့်သွင်းကျင်းပမယ့် အားကစားနည်းဖြစ်ပြီး မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်အနေနဲ့ ဘတ်ဂျက် ကျပ် သိန်းတထောင် အသုံးပြုပြီး နိုင်ငံတကာ ဖိတ်ခေါ်ပွဲတွေလည်း ကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မြန်မာဟော်ကီအသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ဆီးဂိမ်းမှာ ကြေးတံဆိပ် ရရှိခဲ့ပေမယ့် လက်ရွေးစင်ကစားသမား ၇၅ ရာခိုင်နူန်းခန့်က အနားယူသွားတာကြောင့် လာမယ့် မလေးရှား ဆီးဂိမ်းမှာ ဆုတံဆိပ်ရဖို့ ရုန်းကန်ရနိုင်တယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောလုလုထော်က ပြောပါတယ်။ သတင်း/ဓာတ်ပုံ-လွှမ်းမိုးအောင်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up