ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း စခန်းသွင်းလေ့ကျင့်

ဓာတ်ပုံ - Myanmar Football Federation
မြန်မာ့လက်ရွေးစင်အသင်း စခန်းသွင်းလေ့ကျင့်မှုတွေကို အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြန်လည်စတင်သွားမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန် ပါတယ်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ဆူဇူကီးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဥရောပနိုင်ငံများတွင် ခြေစမ်းပွဲ ၈ ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး အောက်တိုဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီး စခန်းသွင်း လေ့ကျင့်မှုတွေကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြန်လည်ပြုလုပ်မှာဖြစ်ပြီး ထပ်မံရွေးချယ်ထားတဲ့ ကစားသမား ၂ ဦးဖြစ်တဲ့ ဝင်းမင်းထွဋ်နဲ့ ကောင်းဆက်နိုင်တို့ပါ အသင်းနဲ့ လာရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်။ အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလားပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ ဗီယက်နမ်၊ မလေးရှား၊ ခြေစစ်ပွဲအောင်မယ့်တစ်သင်းတို့နဲ့ အုပ်စု (ခ) မှာ ကျရောက်နေပြီး နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဗီယက်နမ်အသင်းနှင့် ပွဲဦးထွက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up