ပုံပြင်ထဲကလို ယုန်နှင့်လိပ်အပြေးပြိုင်၊ ဘယ်သူနိုင်(ရုပ်သံ)
DVB
·
October 18, 2016
နာမည်ကျော် အီစွပ်ပုံပြင်တွေထဲက ယုန်နဲ့လိပ် အပြေးပြိုင်ပွဲမှာ ဘယ်သူက အနိုင်ရခဲ့ပါသလဲ။
လက်တွေ့ဘ၀မှ ယုန်နဲ့လိပ် အပြေးပြိုင်ပွဲတခုကိုတော့ ထိုင်းနိုင်ငံ၊ နွန်သဘူရီခ ရိုင်၊ ပက်ခ်ရက်တ်မြို့မှာ အောက်တိုဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့တာပါ။
ပြိုင်ပွဲမှာ လိပ်ကလေးကို အပြာရောင်ခေါင်းစည်း ခြုံထားပေးခဲ့ပြီး ယုန်ကလေးကိုတော့ လည်စည်းပ၀ါတခုနဲ့ စည်းထားပေးခဲ့တာကို တွေ့ရပါတယ်။
ပြိုင်ပွဲစတင်ချိန်မှာ လိပ်ကလေးဟာ ဖြည်းလေးစွာသွားနေခဲ့ပေမယ့် မှန်မှန်ပဲ သွားနေခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် ယုန်ကလေးကို ကြည့်ရတာ အိပ်ချင်နေပုံပေါ်ပြီး စိတ်ရှုပ်ထွေးနေပုံရပါ တယ်။
ပုံပြင်ထဲမှာတော့ လိပ်ကလေးက ကြွားဝါတဲ့ ယုန်ကလေးကို အပြေးပြိုင်ပွဲမှာ အနိုင်ရခဲ့တာပါ။
ဒီပြိုင်ပွဲမှာ လိပ်ကလေးက အနိုင်ရလေမလား။
ရုပ်သံဗွီဒီယိုဖိုင် အပြည့်အစုံကိုတော့ အောက်ကလင့်ခ်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။