ထိုင်းဘုရင်ကြီးအတွက် မြန်မာသမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၀မ်းနည်းသ၀ဏ်လွှာ ပို့
DVB
·
October 17, 2016
ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒက်ရှ် နတ်ရွာစံသွားတဲ့အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာတွေကို မြန်မာသမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က အသီးသီးပေးပို့ခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
ထိုင်းဘုရင်မင်းမြတ် ကွယ်လွန်သွားတဲ့အတွက် ထိုင်းတော်ဝင်မိသားစု၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူပြည်သားတွေနဲ့ ထပ်တူဝမ်းနည်းကြောင်းကို နိုင်ငံတော်သမ္မတဦးထင်ကျော်က ထိုင်းဝန်ကြီးချုပ်နဲ့ အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွမ်းထံ အောက်တိုဘာလ ၁၄ ရက်နေ့က ပေးပို့ခဲ့တာပါ။
အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။