ချင်းမိုင်တန်ဆောင်တိုင် မီးဖောင်မျှောပွဲကျင်းပရန် ခရိုင်ဝန်တိုက်တွန်း
DVB
·
October 17, 2016
တန်ဆောင်မုန်းလပြည့်ရောက်တိုင်း နှစ်စဉ် ကျင်းပနေကျ ထိုင်းနိုင်ငံ ချင်းမိုင်က လွိုင်းကထုန်း မီးဖောင်မျှောပွဲကို ဘုရင်ကြီးနတ်ရွာစံမှုကြောင့် မြို့တော်ဝန်က ဒီနှစ်အတွက် ဆိုင်းငံ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ချင်းမိုင်ခရိုင်ဝန် နိုင်းချမ်းနိပရဆဒ်က ဒီကိစ္စကို ပြန်လည်စဉ်းစားဖို့ ယမန်နေ့ အစည်းအဝေးမှာ ထည့်သွင်းပြောကြားပြီးတဲ့နောက် ပုံမှန်ပြန်ကျင်းပဖို့ သဘောတူလိုက်ကြောင်း ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ဒါပေမယ့် အဆိုအက ဖျော်ဖြေရေးအစီအစဉ်ကတော့ ပါမှာမဟုတ်ဘဲ ရိုးရာဓလေ့အတိုင်း မီးေ ဖာင်မျှောမယ်လို့ ဆိုပါမယ်။
လွိုင်းကထုန်းမီးဖောင်မျှောပွဲဟာ မြစ်ချောင်းအင်းအိုင်ကို အမှီသဟဲပြုပြီး လုပ်ကိုင်စားသောက် ရှင်သန်ရတဲ့အတွက် ရေနတ်သမီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ရော၊ တာဝတိံသာမှာရှိတဲ့ စူဠာမုနိစေတီတော်ကို ရည်စူးပြီး မီးပုံးပျံလွှတ်တင်တဲ့ ထိုင်း ရှေးရိုးရာပွဲတော်တစ်ခု ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ အားကစားနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဌာနက ခရီးသွားလုပ်ငန်း မြှင့်တင်တဲ့အနေနဲ့ ခေတ်မီနည်းပညာတွေသုံးပြီး လှပဆန်းကြယ်အောင် ဆင်ယင်ကျင်းပတာကြောင့် ပြည်တွင်းပြည်ပ ခရီးသွားတွေနဲ့ စည်ကားလှတဲ့ ပွဲတော်တခုလည်း ဖြစ်ပါတယ်။