Monday, June 5, 2023
HomeLead Storyဘုရင်ရုပ်ကလာပ်ကို ဒယီးဒယိုင်ဖြင့် အားတင်းဂါရ၀ပြုခဲ့သည့် ထိုင်းစစ်သားရုပ်သံ ရေပန်းစား

ဘုရင်ရုပ်ကလာပ်ကို ဒယီးဒယိုင်ဖြင့် အားတင်းဂါရ၀ပြုခဲ့သည့် ထိုင်းစစ်သားရုပ်သံ ရေပန်းစား


ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက် (သက်တော် ၈၈) နှစ်ဟာ အောက်တိုဘာ ၁၃ ရက်နေ့က နတ်ရွာစံခဲ့ပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ နတ်ရွာစံသွားတဲ့ ဘုရင်ကြီးရဲ့ ရုပ်ကလာပ်ကို စီရီလတ် ဆေးရုံကနေ မြဘုရားအနီးက နန်းတော်ကို သယ်ဆောင်လာခဲ့ပါတယ်။

ဒီလိုသယ်ဆောင်ရွာလမ်းတလျှောက်မှာ ပြည်သူသိန်းနဲ့ချီ အနက်ရောင်ဝတ်စုံတွေ ၀တ်ဆင်ပြီး ဘုရင်ကြီးရုပ်ကလာပ်ကို ဂါရ၀ပြုခဲ့ကြပါတယ်။

လမ်းတလျှောက်မှာ တာဝန်ကျနေတဲ့ ထိုင်းဘုရင့်တပ်မတော်သားတွေဟာ အဖြူရောင် ၀တ်စုံတွေနဲ့ လမ်းဘေးဝဲယာတလျှောက်မှာ ဒူးတဖက်ထောက်ပြီး ဂါရ၀ ပြုခဲ့ကြပါတယ်။

ဒီလို ဂါရ၀ပြုနေတဲ့ထဲက တပ်မတော်သားတဦးဟာ အရမ်းပင်ပန်း ဒယီးဒယိုင်ဖြစ်နေပြီး သူ့ခန္ဓာကိုယ် တည့်တည့်မရပ်နိုင်တော့လောက်အောင် ဖြစ်နေတာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ သူ့တစ်ကိုယ်လုံး လှုပ်ခါယိမ်းယိုင်နေလို့ တာဝန်ကျ အရာရှိတဦး ထိန်းမကူရပ်ပေးနေပါတယ်။

ဒါပေမယ့် ဒီတပ်သားဟာ ထိုင်းဘုရင်ရုပ်ကလာပ်လာတဲ့အထိ စိတ်ကိုတင်းခံပြီး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကာ ဘုရင်ကြီးရဲ့ ရုပ်ကလာပ်ကို ရအောင်ဂါရဝပြုခဲ့ပါတယ်။

ဒီလိုဂါရဝပြုခဲ့တဲ့ တပ်မတော်သားရဲ့ သံမဏိစိတ်ဓာတ်နဲ့ ဘုရင်အပေါ် ချစ်မြတ်နိုးတဲ့စိတ်ဓာတ်ကို လူမှုကွန်ရက်မှာ ၀ိုင်းဝန်ချီးကျူး ဂုဏ်ပြုနေကြပြီး ကြည့်ရှုသူ ထောင်သောင်းချီ ရှိနေပါတယ်။

အသက် ၈၈ နှစ်အရွယ် နတ်ရွာစံဘုရင်ရဲ့ ရုပ်ကလာပ်ကို တော်ဝင်ဓလေ့ထုံးစံနဲ့အညီ ဈာပနမကျင်းပမီ လနဲ့ချီပြီး နန်းတော်နားမှာ အပူဇော်ခံထားမှာပါ။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular