Home
မြန်မာသတင်း
၂၁ ရာစုပင်လုံတွင် နိုင်ငံရေးပါတီအားလုံး ပါဝင်ခွင့်ပေးရန် ယူအန်အေ တိုက်တွန်း
DVB
·
October 16, 2016
၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးပါတီအားလုံးပါဝင်နိုင်ရေးမူကို ဖော်ဆောင်ပေးဖို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ)  ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(ယူအန်အေ) ထိပ်သီး အစည်းအဝေးကို အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ယူအန်အေ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အစုအဖွဲ့တွေအားလုံး ပါဝင်ခွင့်မရခဲ့တဲ့အတွက် အခုလို တိုက်တွန်းရလို့ ပြောပါတယ်။ အစည်းအဝေးမှာ တပ်မတော်ရဲ့ တိုင်းရင်းသားဒေသတွေမှာ လက်ရှိထိုးစစ်ဆင်နေတဲ့ အပေါ် တိုင်းရင်းသားတွေဘက်က ထားသင့်တဲ့ သဘောထားနဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေကို အဓိကထားဆွေးနွေးခဲ့ပြီး တပ်မတော်အနေနဲ့ ထိုးစစ်ကို လုံးဝရပ်တန့်ပေးဖို့ ယူအန်အေ ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ယူအန်အေရဲ့ ဖက်ဒရယ်အခြေခံမူနဲ့ ဖွဲ့စည်းပုံတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ အဲဒါတွေအပြင် ရခိုင်ပြည်နယ် အနောက်တံခါးပြဿနာမှာ ယူအန်အေဟာ ရခိုင်ပြည်နယ်သားတွေရဲ့ ဆန္ဒနဲ့တသားတည်းဖြစ်တယ်လို့ ခေါင်းဆောင်တွေက ပြောပါတယ်။ အဲဒါအပြင် ရခိုင်ပြည်နယ်ပြဿနာဟာ ပြည်ထောင်စုပြဿနာ ဖြစ်တယ်လို့လည်း ယူအန်အေခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစိုင်းညွန့်လွင်က သုံးသပ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲအပြီးမှာ ယူအန်အေမှာ ပါဝင်ဖို့ကမ်းလှမ်းတဲ့ တိုင်းရင်းသားပါတီ ၈ ခုကို လက်ခံခဲ့တဲ့အတွက် အခုဆိုရင် ယူအန်အေ အဖွဲ့ဝင် ပါတီ ၁၅ ခု ရှိသွားပြီဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ဇေယျာချမ်းအေး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024