ဆီးရီးယား စစ်ရပ်စဲရေး ဦးစားပေးလုပ်မည်ဟု ကုလအတွင်းရေးမှူးချုပ်သစ် ပြော

Antonio Guterres, United Nations High Commissioner for Refugees (UNHCR) addresses a news conference at the United Nations in Geneva, Switzerland December 18, 2015. REUTERS/Denis Balibouse
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အသစ်အဖြစ် ရွေးကောက်ခံရတဲ့ အန်တိုနီယို ဂွတ်သယ်ဟီစ်း Antonio Guterres က ဆီးရီးယား စစ်ရပ်စဲရေးဟာ သူ့ရဲ့ ထိပ်တန်းဦးစားပေးတာဝန်တရပ် ဖြစ်တယ်လို့ နယူးယောက်မြို့မှာ ပြောဆိုပါတယ်။ ဆီးရီးယား စစ်ရပ်စဲရေးဟာ တကမ္ဘာလုံးရဲ့ ထိပ်တန်းဦးစားပေးတာဝန်တရပ်လည်း ဖြစ်ပြီး လက်ရှိဖြစ်နေတဲ့ ကမ္ဘာ့ပဋိပက္ခတွေဟာ ဆီးရီးယားစစ်နဲ့ ဆက်စပ်နေတယ်လို့ အန်တိုနီယိုက ပြောဆိုပါတယ်။ လက်ရှိကမ္ဘာကြီးဟာ အန္တရာယ်ကြီးတွေနဲ့ ရင်ဆိုင်နေရတဲ့ကာလ ဖြစ်ပြီး စစ်မဖြစ်တဲ့ နိုင်ငံတွေတောင် အကြမ်းဖက်တွေရဲ့ ခြိမ်းခြောက်ခံနေရချိန် ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဆီးရီးယားပြည်သူတွေဟာ ဆီးရီးယား စစ်ဘေးဒဏ်ခံရတာတင်မကသေးပဲ ကနေ့ ကမ္ဘာ့ပဋိပက္ခကြီးတွေရဲ့ဒဏ်ကိုပါ ခံစားနေရသူတွေ ဖြစ်တယ်လို့လည်း အန်တိုနီယိုက ပြောဆိုတာပါ။ ဒါကြောင့် ကမ္ဘာ့သိုင်းအ၀ိုင်းအားလုံးက ဒီစစ်ပွဲကို အဆုံးသတ်ပေးနိုင်မယ်လို့ ယုံကြည်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ်က ပြောဆိုခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် အန်တိုနီယို ဂွတ်သယ်ဟီစ်းဟာ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်းတဦး ဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးတာဝန်လည်း ယူခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up