ဆမ်ဆောင်း ကုမ္ပဏီ ရှယ်ယာဈေးနှုန်း အနည်းငယ် ပြန်မြင့်တက်

An employee checks an exchanged Samsung Electronics' Galaxy Note 7 at company's headquarters in Seoul, South Korea, October 13, 2016. REUTERS/Kim Hong-Ji
တောင်ကိုရီးယားက နာမည်ကြီး ဆမ်ဆောင်း Samsung အီလက်ထရောနစ် ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေ သောကြာနေ့မှာ အနည်းငယ် မြင့်တက်လာပါတယ်။ ဆမ်ဆောင်းက အသစ်ထုတ်ပြီး ဖြန့်ချိခဲ့တဲ့ Galaxy Note 7 စမတ်ဖုန်းတွေ အပူလွန် မီးလောင်တာတွေ ရှိတဲ့အတွက် ကုမ္ပဏီရဲ့ရှယ်ယာဈေးနှုန်းတွေ အေးနေရာကနေ ပြန်တက်လာတာပါ။ သောကြာနေ့မှာ ရှယ်ယာဈေးနှုန်း သုည ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီက ထုတ်တဲ့ Galaxy Note 7 တွေ ဈေးကွက်ထဲ ဖြန့်ပြီး ၂ လမပြည့်ခင် ဒီတပတ် အင်္ဂါနေ့က ပြန်သိမ်းခဲ့ပါတယ်။ ဒီအတွက် ဆမ်ဆောင်း အမှတ်တံဆိပ်ရဲ့ ဂုဏ်သိက္ခာထိခိုက်ခဲ့ပြီး ဒီတပတ်ထဲမှာ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ Note 7 စမတ်ဖုန်းတွေကို စက်တင်ဘာလဆန်းပိုင်းမှာ အလုံးရေ ၂ သန်းခွဲ ဈေးကွက်ဖြန့်ခဲ့ပြီး အပူလွန် မီးလောင်မှုတွေ တော်တော်များများ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒေါ်လာ ၈၈၂ အထိ စေျးကြီးပေးရတဲ့ စမတ်ဖုန်းတွေကို ကုမ္ပဏီက ဈေးကွက်ကနေ ပြန်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up