အင်တာနက်လေလံဝက်ဘ်ဆိုက်ပေါ်တွင် ၁ လသားကလေး ရောင်းချမှု စစ်ဆေးတွေ့ရှိ

အီးဘေး (eBay) အင်တာနက်လေလံဝက်ဘ်ဆိုဒ်စာမျက်နှာပေါ်မှာ ၁ လသားအရွယ် ကလေးငယ်တဦးကို ယူရိုငွေ ၅ ထောင်(ပေါင် ၄,၅၁၀)နဲ့ ရောင်းချဖို့ တင်ထားခဲ့တာကို ရဲတွေက စုံစမ်းတွေ့ရှိခဲ့ကြတယ်လို့ မေရာသတင်းမှာ အောက်တိုဘာလ ၁၂ ရက်နေ့ က ဖော်ပြပါတယ်။ အဲဒီကလေးငယ်ဟာ မိန်းကလေးဖြစ်ပြီး ကြော်ငြာမှာတော့ ကလေးငယ်ရဲ့ အမည်ကို မာရီယာလို့ ဖော်ပြခဲ့ကာ ဂျာမနီနိုင်ငံအနောက်ပိုင်း၊ နော့သ်ရိုင်း-၀က်စ်ဖာလီယာ ပြည်နယ်၊ ဒူးစ်ဘော့ဂ်မြို့မှဖြစ်တယ်လို့ ဖော်ပြထားခဲ့တာပါ။ ဆံပင်နက်နက်တွေနဲ့ ကလေးငယ်ကို ၀တ်စုံတွေဝတ်ဆင်ထားပေးခဲ့ပြီး အညွှန်း မှာတော့ “မာရီယာ-ရက်ပေါင်း ၄၀…ရောင်းရန်ရှိ”လို့ ခေါင်းစဉ်တပ်ထားခဲ့တယ်လို့ ဆိုပါ တယ်။ ဒါဟာ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ အင်တာနက်ဖိုရမ်တွေပေါ်မှာ ကျယ်ကျယ် ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ အီးဘေး(eBay)က ဒီကြော်ငြာကို မိနစ် ၃၀ အတွင်း ပြန်ဖြုတ်ချခဲ့တာပါ။ အွန်လိုင်းအသုံးပြုသူတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှုတ်ချနေကြပြီး အီး ဘေး(eBay)ကို ဝေဖန်ခဲ့ကြတာပါ။ ပြောရေးဆိုခွင့်ရသူ ပီရဲဒူးဗွားက ကုမ္ပဏီအနေနဲ့ ဒီကြော်ငြာကို ဖြုတ်ချခဲ့ပြီးနောက် မှာ ရဲတွေဆီ အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။ “ကျနော်တို့ အသုံးပြုသူတွေဆီက တိုင်ကြားစာတွေ အများကြီးရခဲ့ပါတယ်။ မကြာ ခင်မှာပဲ ဒီကိစ္စကို စုံစမ်းဖော်ထုတ်သွားမှာပါ။” လက်ရှိမှာတော့ ခုလိုတင်ခဲ့သူဟာ ကလေးကို တကယ်ကို ရောင်းချချင်တာလား၊ နောက်ပြောင်တင်ခဲ့တာလားဆိုတာ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။ အီးဘေး(eBay)လေလံဝက်ဘ်ဆိုဒ်ပေါ်မှာ တင်ရောင်းချကြတဲ့သူတွေထဲမှာ လိမ် ညာနောက်ပြောင်ပြီး တင်နေကြတာတွေရှိလာတဲ့အတွက် ဒါတွေကိုလည်း အမြန်ဆုံး အရေးယူသွားမယ်လို့ ပီရဲဒူးဗွားက ပြောပါတယ်။ “ကျနော်တို့ ဒီလိုအမှုအခင်းတွေကို လိုက်လံစုံစမ်းဖို့ အမြန်ဆုံးတုံ့ပြန်ဖို့ အထူး လေ့ကျင့်ပေးတားတဲ့ အဖွဲ့တွေနဲ့ ဖော်ထုတ်သွားမှာပါ”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up