ကင်မ်ကာဒက်ရှန် အတင်းအဖျင်းဝက်ဘ်ဆိုက်တခုကို တရားစွဲ

အခုလဆန်းပိုင်းမှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ဓားပြတိုက်ခံရတာမှာ လိမ်ညာတာလို့ ပြောဆိုခဲ့တဲ့ အမေရိကန် အတင်းအဖျင်း ၀က်ဘ်ဆိုက်တခုကို အမေရိကန် Reality TV အကျော်အမော် ကင်မ် ကာဒရှန် (Kim Kardashian) က တရားစွဲဆိုလိုက်ပါတယ်။ ဓားပြတိုက်ခံရအပြီး အမေရိကန်ပြည်ထောင်စုကို ပြန်လာကာ Media Takeout ဆိုတဲ့ သတင်းဝက်ဘ်ဆိုက်နဲ့ ထူထောင်သူတို့ကို အသရေဖျက်မှုနဲ့ နယူးယောက်မြို့မှာ တရားစွဲဆိုခဲ့တာပါ။ အခုလဆန်းပိုင်းက ပါရီမြို့တော်မှာရှိတဲ့ ကင်မ်ရဲ့ အဆင့်မြင့်နေအိမ်ကို လက်နက်ကိုင်တွေ ဓားပြ၀င်တိုက်ခဲ့ပြီး ကင်မ်ကိုယ်တိုင်လည်း ချုပ်နှောင်ခံခဲ့ရတာပါ။ ကင်မ်နဲ့ အိမ်သားတွေကို အန္တရာယ်တော့ မပြုခဲ့ပေမယ့် အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုးလောက် လက်ဝတ်ရတနာတွေ ပါသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။ အသက် ၃၅ နှစ်အရွယ် ကင်မ်ဟာ ရက်ပ်အဆိုတော် ကန်နီ ၀က်စ် (Kanye West) အိမ်ထောင်ကျပြီး ကလေး ၂ ဦး ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up