Home
မြန်မာသတင်း
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအကြီးအကဲ မြန်မာနိုင်ငံသို့ ၄ ရက်တာ ခရီးစဉ်လာရောက်
ပိုင်စိုး
·
October 13, 2016
  ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်လက်အောက်က ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး အကြီးအကဲနဲ့ အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး စတီဗင်အို ဘရိုင်ယန်ဟာ မြန်မာနိုင်ငံကို လေးရက်တာ လာရောက်တဲ့ ခရီးစဉ်မှာ နေပြည်တော်က အစိုးရ ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်လို့  ရန်ကုန်အခြေစိုက် OCHA ရုံးက ထုတ်ပြန်ပါတယ်။ မစ္စတာ အိုဘရိုင်ယန်ဟာ အောက်တိုဘာ ၁၂ ရက်နေ့က ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့တာပါ။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံဆွေးတဲ့အချိန်မှာ မြန်မာနိုင်ငံရှိ ပြည်သူအားလုံး အတွက် အဓိကအရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးနိုင်ရေး  အတူတကွ လုပ်ဆောင်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်” လို့  မစ္စတာ အိုဘရိုင်ယန်က ပြောပါတယ်။ မစ္စတာ အိုဘရိုင်ယန်ဟာ ကြာသပတေးနေ့မှာ ကချင်ပြည်နယ်၊ သောကြာနေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့လည်း စီစဉ်ထားတာပါတယ်။ ရန်ကုန်အခြေစိုက် OCHA ရုံးရဲ့ Public Information and Advocacy Officer Mr. Pierre Peron က “ရန်ကုန်၊ ကချင်နဲ့ ရခိုင်မှာ ရှိနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂအဖွဲ့တွေ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်။ သူ့အတွက် အချိန်ကတော့ နည်းပါတယ်။ ဒါပေမယ့် အားလုံးကို တွေ့ဆုံနိုင်အောင် စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024