အကြမ်းဖက်တိုက်ခိုက်သူများက ၀ါးပိတ်ကျေးရွာအား မီးရှို့ဖျက်ဆီး (ရုပ်သံ)
DVB
·
October 13, 2016
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်ကို အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေက ချောင်းမြောင်းပစ်ခတ်ပြီး ၀ါးပိတ်ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တပ်မတော်ပိုင် မြ၀တီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအနီးရှိ အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် အိမ်ထောင်သည်လိုင်းခန်းကို မနေ့မနက် ၁၀ နာရီခန့်က အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၅ ဦးခန့်က လက်နက်ငယ်တွေနဲ့ လာရောက်ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက် စီးနင်းတိုက်ခိုက်သူတွေ ဆုတ်ခွာထွက်ပြေးသွားတဲ့ ၀ါးပိတ်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းက လိုက်လံရှင်းလင်းစဉ် ရွာအနီး ပုန်းခိုနေတဲ့ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေက ရွာကို မီးရှို့ထွက်ပြေးသွားလို့ အိမ်ခြေ ၂၅ လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြ၀တီသတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - အမ်အိုအိုင်