၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ တရုတ်ပြည်ခရီးစဉ် ( သတင်းဓာတ်ပုံ)
DVB
·
October 12, 2016
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာနရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို ၈ ရက်ကြာ သွားရောက်ခဲ့တဲ့ ဦးကိုကိုကြီးခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းအဖွဲ့ဝင် ၁၀ ဦးဟာ ခရီးစဉ်ကိုအဆုံးသတ်ပြီး ဒီကနေ့ည ရန်ကုန်ကို ပြန်လည်ရောက်ရှိလာဖို့ ရှိနေပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ အောက်တိုဘာ ၅ ရက်ကနေ ၁၂ ရက်ထိ တရုတ်ပြည်လေ့လာရေးခရီးအတွင်း မြို့တော် ဘေဂျင်းမြို့မှာ ဗုဒ္ဓမြတ်စွယ်တော်နဲ့ တရုတ်အမျိုးသားပြတိုက်တွေကို သွားရောက်လေ့လာခဲ့ပါတယ်။
ဒါ့အပြင် ရှန်ဟိုင်းမြို့ ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအစီအစဉ်အဖြစ် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာနဲ့ ယဉ်ကျေးမှုရိပ်သာတွေကိုလည်း သွားရောက်လေ့လာခဲ့သလို၊ ယူနန်ပြည်နယ်ရှိ ယူနန်တက္ကသိုလ်ကိုလည်း သွားရောက်ခဲ့တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက သတင်းထုတ်ပြန်ထားပါတယ်။