Home
မြန်မာသတင်း
ထိုင်းဘုရင်သတင်းနှင့်ပတ်သက်၍ ကောလာဟလများ မယုံကြည်ရန် အစိုးရထုတ်ပြန်
DVB
·
October 12, 2016
ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက ချွန်းပူးရီးမှာ ပြုလုပ်နေတဲ့ အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေး ဆိုင်ရာ အစည်းအဝေးကို ရုပ်သိမ်းပြီး  ဘန်ကောက်မှာ အိမ်ရှေ့မင်းသားနဲ့ တွေ့ဆုံမယ့်အပေါ် လူမှုကွန်ရက်မှာ ဘုရင်ကြီးကျန်းမာရေးနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆို နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်က သတင်းတွေပေါ် ယုံကြည်မှုမရှိဘဲ တရားဝင်သတင်း ထုတ်ပြန်ချက်တွေကိုသာ ဖတ်ရှုဖို့ ထိုင်းအစိုးရအိမ်တော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်ဆိမ်ကျောက်ကမ်နုတ်က ဒီကနေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ၀န်ကြီးချုပ်က အိမ်ရှေ့မင်းသားကို ၀င်ရောက်ဖူးမြှော်မယ့်ကိစ္စဟာ တိုင်းရေးပြည်ရာကိစ္စ ပုံမှန် သံတော်ဦးတင်ရန်သာ ဖြစ်ကြောင်း၊ ဒီနေ့ညနေပိုင်း ၀န်ကြီးချုပ်မှ မိန့်ခွန်းပြောရန် အစီအစဉ် မရှိကြောင်း၊ မှန်ကန်မှုကို ဆန်းစစ်ရန်ခက်ခဲတဲ့ ဆိုရှယ်လ်မီဒီယာ (လူမှုကွန်ရက်) သတင်းတွေကို မယုံဘဲ တရားဝင်ထုတ်ပြန်ချက်တွေကိုသာ ဖတ်ရှုဖို့ ထိုင်းအစိုးရအိမ်တော် ပြောရေးဆိုခွင့်ရှိ သူက ပြောသွားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထိုင်းဘုရင်ကြီး ကျန်းမာရေးအတွက် အသေးစားခွဲစိပ်မှုပြုကြောင်း နန်းတွင်းသမားတော် ကြေညာချက်အမှတ် ၃၇ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ပြည်သူတွေကြား စိုးရိမ်ပူပန်မှုနဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024