A d v e r t i s e m e n t With Us

အန်အယ်လ်ဒီ ပါတီမှတ်ပုံတင်ရေး ကျယ်ပြန့်စွာလုပ်ဆောင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လက်ရှိ ဖြစ်ထွန်းတိုးတက်မှုတွေအပေါ် သတိကြီးကြီးနဲ့ အကောင်းမြင်ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးကိစ္စကို တာဝန်ရှိသူတွေတင် မကဘဲ ပြည်နယ်တိုင်း အသီးသီးကလည်း ကျေလည်အောင် ညှိနှိုင်းသွားဖို့ ရှိတယ်လို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ လွှတ်တော်က မကြာသေးခင်က အတည်ပြုလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အရင်တုန်းက ပါတီတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ အပိုဒ်အစား လေးစားလိုက်နာရမယ်လို့ ပြင်လိုက်သလို  ပြစ်ဒဏ်ကျခံဖူးသူများ နိုင်ငံရေးပါတီမထောင်ရဆိုတာကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားပြီး ဖြစ်တာကြောင့် ပါတီထပ်မံ မှတ်ပုံမတင်ခြင်းကို ပါတီဝင်အကုန်လုံးနီးပါးက ထောက်ခံခဲ့ကြပါတယ်။ လက်ရှိ ပါတီမှတ်ပုံတင်ရေးနဲ့ ပတ်သက်လို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကို မေးမြန်းထားပါတယ်။ အသံဖိုင်တွင် နားဆင်နိုင်ပါသည်။ u-tin-oo-nld-reregister

A d v e r t i s e m e n t With Us

More News
Up