Live
Home
မြန်မာသတင်း
ကျဆုံးနယ်ခြားစောင့်တပ်ဖွဲ့ဝင်များအတွက် ၀မ်းနည်းကြောင်း အီးယူနှင့်ကုလသမဂ္ဂထုတ်ပြန်
DVB
·
October 12, 2016
ရခိုင်ပြည်နယ် နယ်ခြားစောင့်စခန်း ၃ ခု တိုက်ခိုက်ခံရမှုမှာ ကျဆုံးကွယ်လွန်သွား သူတွေရဲ့ မိသားစုတွေကို အီးယူ ဥရောပသမဂ္ဂက ဝမ်းနည်းစာနာကြောင်း ထုတ်ပြန်လိုက်ပြီး ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကလည်း အလွန်အမင်းစိုးရိမ်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ရမှာဖြစ်သလို တိုက်ခိုက်မှု ကျူးလွန်သူတွေကိုလည်း တရားဥပဒေနဲ့ အညီအရေးယူဆောင်ရွက်ရမယ်လို့ အီးယူ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူအားလုံး တာဝန်ရှိရှိ ထိန်းထိန်းသိမ်းသိမ်း ပြုမူ ဆောင်ရွက်ကြဖို့နဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပြီး ဥရောပသမဂ္ဂအနေနဲ့ အခုလို အခက်အခဲကြုံတွေ့နေရတဲ့အချိန်မှာ မြန်မာနိုင်ငံနဲ့ အတူ ရပ်တည်တယ်လို့ဆိုပါတယ်။ အလားတူ ကုလသမဂ္ဂအတွင်းရေမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး ဗီဂျေနမ်ဘီးယားကလည်း ရခိုင်ပြည်နယ်မှာ အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်လုံခြုံရေး တပ်ဖွဲ့တွေကို အမည်မသိလူအုပ်စုက အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကို အလွန်စိုးရိမ်ပူပန်တယ်လို့ ထုတ်ပြန်ပါတယ်။ ခုလိုသိမ်မွေ့အထိမခံတဲ့ အခြေအနေအချိန်အခါမှာ ဒေသခံ ရပ်ရွာအသိုင်းအ၀န်း အဆင့်ဆင့်တိုင်းက ဒီတိုက်ခိုက်မှုကို ဆန့်ကျင်ဖို့နဲ့ ရပ်မိရပ်ဖတွေအားလုံးအနေနဲ့လည်း မလိုမုန်းထားလှုံ့ဆော်မှုတွေနဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်အသိုင်းအ၀န်းနှ်စ်ခုအကြား အပြန် အလှန်မုန်းတီးမှုတွေကိုတားဆီးဖို့ တက်တက်ကြွကြွလုပ်ဆောင်ရမယ်လို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024