ကျေးလက်သုံးပစ္စည်းများနှင့် သရုပ်ပြဖန်တီးမှုမှ နာမည်ကျော်လာသူ ထိုင်းဒီဇိုင်နာ (ရုပ်သံ)

မာဒါအီ အပီချေ အတီလက်တနာဟာ ထိုင်းကျေးလက်သုံးပစ္စည်းတွေဖြစ်တဲ့ ငှက် ပျောရွက်၊ ခြင်ထောင်၊ ကြက်မွေးခြံအုပ်ဆောင်းစတဲ့ ပစ္စည်းတွေနဲ့ ဖန်တီးဆင်ယင်ကာ သရုပ်ပြခဲ့ပြီးနောက်မှာ ဖက်ရှင်ဒီဇိုင်နာတဦးအဖြစ် နာမည်ကြီးလာခဲ့ပါတယ်။ သူဟာ အသက် ၁၇ နှစ်အရွယ်သာရှိသေးပြီး ကျေးလက်အထက်တန်းကျောင်းတ ကျောင်းကနေ ဘန်ကောက်မြို့ရဲ့ ဖက်ရှင်လောကထဲ ရောက်ရှိလာခဲ့တဲ့ ဖြတ်သန်းမှု တွေကို ဘီဘီစီထိုင်းသတင်းဌာနကို ဖြေကြားခဲ့တာပါ။ “လူတွေဟာ အမှိုက်တွေထဲက တန်ဖိုးကို ဘာလို့မမြင်နိုင်ရတာလဲဆိုပြီး ကျနော်ခံ စားခဲ့ရတယ်။ အမှိုက်ထဲက ပြန်ယူရတဲ့ ဖန်တီးမှုကို ကျနော်လုပ်ခဲ့တယ်။ ဘယ်တုန်းကမှ ကျော်ကြားလာလိမ့်မယ်လို့ မတွေးမိခဲ့ပါဘူး”လို့ သူက ပြောပါတယ်။ ဒါဟာ ငယ်ဘ၀မှာ ကလေးတယောက်အနေနဲ့ ဆော့ကစားနေတာလို့ လူတွေက ယူဆခဲ့ကြပြီး အထူးသဖြင့် လေဒီဘွိုင်းတွေဟာ အ၀တ်စတွေအသုံးပြုဝတ်ဆင်ပြီး လုပ်လေ့ရှိကြတဲ့အတွက် သူ့ကိုလည်း အဲလိုပဲ ထင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ကျေးလက်သုံးပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာ ကျေးလက်အမွေအနှစ်အမည်နဲ့ ဘန်ကောက်မြို့ ဖက်ရှင်ပြပွဲတွေမှာ ပြသနေပြီ ဖြစ်ပါတယ်။ “ကျနော်က ပစ္စည်းတွေကို သေတ္တာတလုံးထဲမှာ ပိတ်လှောင်ထားရတာကို မနှစ် သက်ပါဘူး။ အမြဲအသစ်တွေကို ဖန်တီးရတာကို သဘောကျပါတယ်။ အတန်းထဲမှာဆို လည်း ကျနော်က ဒီဇိုင်နာဖြစ်ချင်ပါတယ်လို့ လက်ကိုမြှောက်ပြီး အမြဲပြောနေကျပါ။ ဒါ ကြောင့် ဒီဇိုင်နာအလုပ်ဟာ ကျနော့်အတွက် အလုပ်ကောင်းတခုဖြစ်မယ်လို့ ထင်ပါတယ်”လို့ သူက ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up