Home
မြန်မာသတင်း
မောင်တောနယ်ခြားစောင့်ရဲဌာနချုပ်အနီး ပစ်ခတ်မှု ဖြစ်ပွားနေ
DVB
·
October 12, 2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်အလွန် ဝါးပိတ်ကျေးရွာမှာ ဒီနေ့ မနက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာတပ်မတော်လှုပ်ရှားစစ်ကြောင်းတွေ သွားလာနေတုန်း ဝါးပိတ်ကျေးရွာထဲမှာ မသင်္ကာစရာတွေ တွေ့မြင်ရလို့ နယ်မြေရှင်းလင်းရေး လုပ်နေတာဖြစ်ပြီး ဒီနေ့ မနက် ၉ နာရီလောက်ကစလို့ ပစ်ခတ်သံတွေကြားနေရတယ်လို့ ၀ါးပိတ်ရွာနားက အောင်မင်္ဂလာရွာသား ကိုကျော်စိုးမိုးက ဒီဗွီဘီကိုပြောပါတယ်။ မိုးသည်းထန်ပြီး ရာသီဥတုဆိုးဝါးနေတဲ့အတွက် ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်နဲ့ ပြည်ထောင်စုဝန်ကြီးတွေပါတဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ကိုလည်း အချိန်ပြောင်းလဲလိုက်ရတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ခုရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရမှုတွေအတွင်း သေဆုံးသူ ရဲတပ်ဖွဲ့ဝင် ၉ ဦး နဲ့ တပ်မတော်က စစ်သည် ၄ ဦးရှိနေပြီဖြစ်ပါတယ်။ လတ်တလော မောင်တောနဲ့ ဘူးသီးတောင်မြို့တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ညနေ ၇ နာရီက မနက် ၆ နာရီအထိ ညမထွက်ရအမိန့်နဲ့ လူ ၅ ဦးထက်ပိုပြီး စုဝေးခြင်းမပြုဖို့လည်း ထုတ်ပြန်ထားပါတယ်။ သတင်း - ကိုအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024