ဆမ်ဆောင်းကုမ္ပဏီ Galaxy Note 7 ဖုန်းထုတ်လုပ်မှု ရပ်ဆိုင်း

ပြန်လဲလှယ်ပေးလိုက်တဲ့ Samsung Galaxy Note 7 ဖုန်းတွေ မီးလောင်မှု ဆက်ဖြစ်နေတယ်ဆိုတဲ့အတွက် အဲဒီဖုန်းတွေ ထုတ်လုပ်မှုကို ဆမ်ဆောင်းကုမ္ပဏီက ရပ်ဆိုင်းလိုက်ပါတယ်။ အစိုးရအာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုအပြီး ဒီဖုန်းတွေကို ထုတ်လုပ်မှု ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဖုန်းတွေရဲ့ အရည်အသွေးနဲ့ ဘေးကင်းလုံခြုံရေးကို ပြန်စစ်ဆေးဖို့ အခုလို ထုတ်လုပ်မှုကို ရပ်ဆိုင်းတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အခုလို Note 7 ဖုန်းတွေ ဘက်ထရီပြဿနာ တက်တဲ့အတွက် ဖုန်းမော်ဒယ်အသစ်တွေ ပြန်ထုတ်ဖို့ ကုမ္ပဏီက ဖိအားပေးခံရပါတယ်။ ပြီးခဲ့တဲ့လက ဒီ Galaxy Note 7 ဖုန်းတွေ ကုမ္ပဏီက ပြန်လဲလှယ်ပေးလိုက်ပြီး ပြန်လဲလှယ်ပေးလိုက်တဲ့ ဖုန်းတွေကို စိတ်ချရတယ်လို့ ကုမ္ပဏီက ပြောခဲ့တာပါ။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုမှာ ဒီပြန်လဲပေးလိုက်တဲ့ဖုန်းတွေဟာ လေယာဉ်ပေါ်မှာ မီးလောင်မှု၊ အိမ်မှာ ဘက်ထရီအားမသွင်းဘဲလည်း မီးခိုးတွေထွက်ခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up